5.10.2023 နေ့ မိုးလေဝသ အခြေအနေ

5.10.2023 နေ့ မိုးလေဝသ အခြေအနေ


အိန္ဒိယနိုင်ငံအတွင်းမှ မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်မြောက်ပိုင်းကို ရွေ့လျှားလာတဲ့ လေစိုင်ဝဲဟာဆိုရင်တော့ အားကောင်းလာနေပါတယ်။ မြန်မာနိုင်ငံဘက်အထိ ရွေ့လျှားလာမယ့်အခြေအနေတော့ မရှိပါ။

ထိုလေစိုင်ဝဲရဲ့ အကျိုးသက်ရောက်မှု့ကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်းမှ လေစီးကြောင်းနဲ့အတူ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်ပါတယ်။ ရခိုင်ပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသတို့မှာ မိုးရွာသွန်းနိုင်မှု့ နည်းပါးလွန်းပါတယ်။

နောက်ရက်တွေမှာတော့ မုတ္တမပင်လယ်ကွေ့အတွင်းကို အရှေ့လက်ကလာမယ့် လေဖိအားနည်း လေချိုင့်ဝှမ်းတစ်ခုဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် နောက် ၂ရက်မှ ၅ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။

အောက်တိုဘာလ ဒုတိယပတ်ထဲမှာတော့ မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းမှာ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးတစ်လုံး ဖြစ်ပေါ်လာအုံးမယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြီးအရှိန်ကြောင့် မြန်မာနိုင်ငံမှာ အောက်တိုဘာလ ဒုတိယပတ်ထဲမှာ မိုးဆက်လက်ကောင်းနေအုံးမယ်လို့ ခန့်မှန်းထားပါတယ်။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေဗျာ

Be the first to comment

Leave a Reply

Your email address will not be published.


*