
အွန်လိုင်းသုံးရင်း တရားမှတ်နည်း (ကုသိုလ်ဆိုတာ ယူတတ်ဖို့ပဲ လိုတာနော်)
အဟမ်းးး ကဲ တရား နာကြရအောင်😁😁😁
ကိုယ့်ရုပ်ကို မှန်ထဲမှာ ခဏခဏ ကြည့်ပြီး မြင်ဖူးနေလျှက်သားနဲ့ “စမီး လှလား”လို့ post တင်တာက မသိမှု” အဝိဇ္ဇာ”😁😁
ပင်ကိုယ်ရုပ် ပျောက်အောင် ပိုတိုရှော့တွေနဲ့ လှချင်လွန်းလို့ လိုက်ပြုပြင် နေတာက ပြုပြင်မှု “သင်္ခါရ”😁😁
မလှဘူး ပြောတော့ စိတ်ဆိုးပြီး ကိုယ့်ထမိန်စ ကိုယ် ပြန်ကိုက်ပြီး စိတ်ဆင်းရဲနေတာက “ဝိညာဉ်”😁😁
သန်းခေါင်ယံ ညဉ့်နက်အထိ ချေ့သူနဲ့ messenger မှာ စကားပြောပါ များပြီး စိတ်ရော လူရော ပန်းနေတာက “နာမရူပံ” “ရုပ်နဲ့ နာမ်”😁😁
သူ့ရဲ့ messenger ကို ခဏခဏ ဝင်ကျိ (မျက်စိ)့ မက်ဆေ့ပို့သံ ခဏခဏ နားထောင့် (နား)့ ပို့လိုက်တော့ အသက်ရှုကလေးရပ် (နှာခေါင်း) ပျော်ပြီး လျှာကလေးထုတ့် (လျှာ)့ ကိုယ်လုံးလေးကို ဟိုဘက်လှိမ့် (ကိုယ်) စိတ်ကလေးက မြူးပြီး ရူးနေတာက (စိတ်) “သဠာယတန”😁😁
ခြင်ကိုက်လို့ တင်ပါးကို ရိုက်လိုက်တာက ထိချက်ပြင်းမှု “ဖဿ”😁😁
လိုင်းပေါ်မှာ အလှည့်စား ခံလိုက်ရတာက ခံစားမှု “ဝေဒနာ”😁😁
ချစ်သူ့ရဲ့ နားလည်မှု ချစ်သူရဲ့ လိုက်လျှောမှုကို အရမ်း လိုချင်နေမိတာက လိုချင်မှု “တဏှာ”😁😁
သူနဲ့ messenger မှာ စကားမပြောရရင် မနေနိုင်တော့ဘူးဆိုတာက ဆွဲလမ်းမှု “ဥပါဒါန်”😁😁
နောက်ဆုံး ဖုံးဘေ ပျက်သွားတာက “ဘဝ”😁😁
ဖုန်းဘေလေး ပြန်ထည့်လိုက်တော့ လိုင်းပေါ်ကို ပျော်ရွှင်စွာ အင်အားအပြည့်နဲ့ တတ်လိုက်တာက “ဇာတိ” (ပြန်စပြီ)😁😁
နောက်ဆုံး အိပ်ရေးတွေပျက် အစားပျက် အနေပျက် မျက်တွင်းဟိုက် အရွယ်ကျလာတာက “ဇရာ” (အိုပြီ)😁😁
ခေါင်းကိုက် ခါးကိုက် အကြောတတ် လူးလိမ့်အော်နေရတာက “ဗျာတိ” (နာပြီ)😁😁
ဒီလိုနဲ့ တစ်ယောက် ရသွားတာက “မရဏ”(သေပြီ အပျိုဘဝ)😁
ကိုင်းး့း့ တော်ကြဦးစို့😁😁
လုကာ
#credit
Unicode
#credit
Leave a Reply