
ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်သူများ သတိထားကြပါနော် (လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)
ရှားစောင်းလက်ပတ်နဲ့ ပတ်သက်ပြီး အထူးသတိထားရမယ့် အချက်လေး တစ်ချက်ကို မျှဝေချင်ပါတယ်
အလှအပရေးရာမှာ ရှားစောင်းဟာ နာမည်ကြီးပါတယ်။ သူ့ကောင်းကျိုးတွေ အသုံးဝင်ပုံတွေ အသုံးပြုပုံတွေကတော့ အတော်များများ သိပြီးဖြစ်လို့ မပြောတော့ပါဘူး
သတိထားရမှာကတော့ ရှားစောင်းကို အသုံးမပြုခင်မှာ အဝါရောင် အဆိပ်ကို မဖြစ်မနေ ထုတ်ပေးဖို့ပါဘဲ ။
ရှားစောင်း အပင်ကနေ အရွက်ကလေးကိုဖြတ် ရေဆေးပြီး မျက်နှာကိုသုတ်ပြီး လိမ်းမယ်ဆိုရင်တော့ ရှားစောင်းမှာပါတဲ့ အဆိပ်တွေကို အရေပြားအတွင်း ထိုးသွင်းသလို ဖြစ်ပြီး အန္တရာယ်များပါတယ်။
ရှားစောင်းသုံးပြီး အရေပြားယားတာ ဝက်ခြံတွေ ထွက်လာဟာ အဲ့ဒီအဆိပ်ကြောင့်ပါ။ ဒါကြောင့် အသုံးမပြုခင် အဆိပ်ထုတ်ပေးဖို့ လိုပါတယ်
ရှားစောင်းမှာ အစိတ်အပိုင်း နှစ်ခုရှိပါတယ် ။အတွင်းသား ဂျယ်လီနဲ့ အစေးအပိုင်းပါ ။အစေးပိုင်းက အဆိပ်ရှိတာပါ။ ရှားစောင်းကိုဖြတ် မျက်နှာပြင်ကို အပ်ပေါက်ရာလေးတွေ ဖောက်ပြီး ခွက်တခုထဲမှာ ထည့်ထားမယ်ဆိုရင် အဝါရောင်အစေးတွေ အများကြီး ထွက်လာပါတယ်။
အရင်တုန်းကတော့ အဲ့ဒီအစေးတွေကို ပရဆေးဆိုင် တွေမှာ သွားရောင်းလို့ရပါတယ်။ မြန်မာ့တိုင်းရင်းဆေး လောကမှာ သုံးတဲ့ ” မုတ်ခါး “ဆိုတဲ့ ဝမ်းနုတ်ဆေးဟာ အဲ့ဒီ ရှားစောင်းအစေးတွေကို ရှားစေးနဲ့ ရောစပ်ပြီး ဖော်ထားတာပါ။
ရှားစောင်းအဆိပ်ထုတ်နည်း
ရှားစောင်း အဆိပ်ထုတ်ပုံကတော့ လွယ်ပါတယ် ။ရှားစောင်းအရွက်တွေကို ဖြတ်ပြီးပြီးခြင်း ခွက်တခုထဲမှာ ၄၅- ဒီကရီလောက် စောင်းပြီး ထောင်ထားပေးပါ ။
အဝါရောင် အစေးပျစ်ပျစ်တွေ ထွက်လာပါလိမ့်မယ် ။အချိန်ကတော့ ၃- နာရီလောက်ဆိုရပါတယ်။
အဲ့ဒီအစေးတွေကို ပြောင်စင်အောင် ဆေးကြောပြီး အသုံးပြုမှသာ ရှားစောင်းရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါသည်။
(လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)
Leave a Reply