
၄.၁၀.၂၀၂၃ နေ့ မိုးလေဝသ အခြေအနေမှာ အိန္ဒိယနိုင်ငံအတွင်းမှာ တိုက်ခတ်နေတဲ့ လေစိုင်ဝဲဟာဆိုရင် ယနေ့အထိ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။ အဆိုပါ လေစိုင်ဝဲရဲ့ စုပ်ယူမှု့ကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်းမှ လေစီကြောင်းနဲ့အတူ ရေငွေ့များ မိုးတိမ်တောင်များလိုက်ပါလာတယ်။ အဆိုပါ မိုးတိမ်တောင်များဟာ မြန်မာနိုင်ငံအပေါ်ကိုလည်းရောက်ရှိလာပြီး မိုးရွာသွန်းနိုင်ပါတယ်။ အဆိုပါလေစီးကြောင်းကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကမ်းရိုးတမ်းဒေသများ၊ ပဲခူးရိုးမ၊ ရှမ်းကုန်ပြင်မြင့်နှင့်၊ ချင်း၊ ကချင်ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာတော့ မိုးရွာသွန်းနိုင်ခြေလျှော့နည်းမှာဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းတို့မှာ မိုးရရှိမှု့လျှော့နည်းပြီးနေမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ မိုးရွာသွန်းမှု့များပြားပြီး နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
နောက်ရက်အတွက် မိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့ အိန္ဒိယနိုင်ငံအတွင်းမှ လေစိုင်ဝဲဟာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ဘက်ကို ဦးတည်ရွေ့လျှားလာနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှ မုန်တိုင်းဟာလည်း မြောက်ဘက်ကိုဦးတည်ရွေ့လျှားပြီး တရုတ်နိုင်ငံအတွင်းဝင်ရောက်နိုင်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းတစ်ပိုင်းလုံး မိုးရွာသွန်းနေအုံးမှာဖြစ်သလို မြန်မာနိုင်ငံမြောက်ဖျားပိုင်း အထက်ပိုင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေ့လျှားလာတဲ့လေစိုင်ဝဲကြောင့် မိုးများရွာသွန်းအုံးမှာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာတော့ မိုးရွာသွန်းမှု့လျှော့ကြနေအုံးမှာဖြစ်ပါကြောင်း တင်ပြပေးလိုက်ရပါတယ်။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေဗျာ
Leave a Reply