ဆံပင် ပြင်ဆင်ဖို့ တကူးတက အချိန်မပေးနိုင်သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ ဆံပင်စတိုင်လ်များ
မင်္ဂလာပါနော်။ ရုံးသွားတဲ့အခါပဲဖြစ်ဖြစ် တစ်နေရာသွားတဲ့အခါပဲဖြစ်ဖြစ် ဆံပင်ကို ပြင်ဆင်ပြီး ပုံဆံအမျိုးမျိုး လုပ်ကာ သွားချင်သူတွေရှိလားရှင့်။ ဒီလို ဆံပင်ကို ပြင်ဆင်ချင်ပေမယ့်လည်း အချိန်အရမ်းပေးရလို့ စိတ်ညစ်နေသူတွေ၊ ဒါမှမဟုတ် အချိန်သိပ်မကုန်ချင်ဘဲ အရမ်းလန်းတဲ့ ဆံပင်ပြင်ဆင်နည်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ ဆံပင်ကို ဒီလိုစည်းမယ်
အရင်ဦးဆုံး တစ်ဖက်တစ်ချက်ဆီကဆံပင်ကို နည်းနည်းဆီယူလိုက်ပါ။ ပထမတစ်ခုကို ရစ်ပတ်လိုက်ပြီး ကလစ်နဲ့ ညှပ်ပေးလိုက်ပါ။ နောက်တစ်ဖက်ကိုလည်း အဲဒီလိုပဲ ရစ်ပတ်ပေးလိုက်ပြီး ပထမတစ်ခုအထဲကို ထည့်ပေးကာ ကလစ်ညှပ်ပေးလိုက်ပါ။
၂။ ဆံပင်လိပ်ပြီး ကလစ်ညှပ်မယ်
ဆံပင်ကို ဘေးခွဲထားသူတွေအတွက်ပဲဖြစ်ဖြစ် အလည်ခွဲထားသူတွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေမှာပါနော်။ ဆံပင်ကို နည်းနည်းဆီယူပြီး လိပ်ပေးလိုက်ပါ။ ပြီးရင်ကလစ်ညှပ်ပေးလိုက်ပါ။
၃။ ဆံပင်ပိုရှည်တယ်လို့ထင်ရအောင် ဒီလိုစည်းမယ်
ဆံပင်ပိုများတယ် ပိုရှည်တယ်လို့ထင်ရစေဖို့ ဆံပင်ကို အပေါ်အောက် နှစ်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် အပေါ်ပိုင်းကို အရင်စည်းပေးလိုက်ပြီး အောက်ပိုင်းကိုတော့ ခပ်နိမ့်နိမ့်လေးစည်းပေးပါ။
Leave a Reply