“ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဖြစ်ပေါ်လာပုံ”

“ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဖြစ်ပေါ်လာပုံ”

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ

ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။

အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။

ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။

မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ်ပါယျရပါတယျ။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။

အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအက်ဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

 

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

ထိုမြို့တွေရဲ့အမည် ဟာ ဘယ္ကေန ဖြစ်ပေါ်လာပါသလဲ။ အမ်ားစုကေတာ့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။

မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။

ကမာရွတ် –

မြန္ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊ ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။

ရတနာကန် ဆိုတဲ့ အဓိပ်ပါယျပေါ့။

အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား –

ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမွာ ဘုရားဘက္ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု
ရွိခဲ့ဖူးရာကေန ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် –

မွန်ဘာသာအမည် ကမနျဋျုငျက ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ်ပါယျရပါတယျ။

ကံဘဲ့ –

မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကေန ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ်ပါယျက ကသစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း –

မြန္ဘာသာ ကော့ကောင်း က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကေတာ့ မရွေးပင်ကုန်းလို့ ခေါ်တဲ့
နေရာပါ။

စမ်းချောင်း –

စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ဆင်မလိုက် –

ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး
ဖြစ်လာပါသတဲ့။

တာမွေ –

မွန်အမည် တာမွေ ကေန တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ်ပါယျဖွဈပါတယျ။

ပုဇွန်တောင် –

မြန္ဘာသာ ပုဇွန်ဒေ ကလာတာပါ။

တောင်ကုန်းငါးခု လို့ အဓိပ်ပါယျရပါတယျ။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း –

ဗဟန်းဆိုတာကလည်း မြန္ဘာသာကေနဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ အဓိပ်ပါယျရပါတယျ။ ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် –

မြန္ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ်ပါယျရပါတယျ။

မင်္ဂလာဒုံ –

မွန်အမည် ဍုံဒရိုင်မငေ ကေန ဆင်းသက်လာပါတယ်။

အဓိပ်ပါယျက မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။

အဲဒီကေန မြန်မာဘာသာ တိုက်ရိုက်ယူသုံးရာကေန မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း –

၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး
ဆိုတာ ပါ ပါတယ်။

အဲဒီတံခါးကေန ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ –

ရန္ကုန္ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ (Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။

လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။

လမ်းမတော် –

သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သငေ်္ဘာဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် –

မြန္ဘာသာ အန်းစိန်(အင်စိင်)ကေန ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ်ပါယျရပါတယျ။

Credit to : One Daily Media Knowledge

Be the first to comment

Leave a Reply

Your email address will not be published.


*