“ကုမ္ပဏီပိုင်ရှင်သူဌေးက အတော်ဆုံး အလုပ်သမား(၂)ယောက်ကိုခေါ်ပြီး ဆုလာဘ်အဖြစ် ဒေါ်လာ (၁၅၀၀) (သို့) ခွင့်(၂) ပတ် ကြိုက်ရာရွေးခိုင်းသောအခါ. .”

“ကုမ္ပဏီပိုင်ရှင်သူဌေးက အတော်ဆုံး အလုပ်သမား(၂)ယောက်ကိုခေါ်ပြီး ဆုလာဘ်အဖြစ် ဒေါ်လာ (၁၅၀၀) (သို့) ခွင့်(၂) ပတ် ကြိုက်ရာရွေးခိုင်းသောအခါ. .”

သူဌေးက မန်နေဂျာကို ခေါ်လိုက်သည်။

” ငါ့ ကန်ပနီ က နိုင်ငံခြားသား အောက်ခြေဝန်ထမ်းထဲကအလုပ်အကျိူးစားဆုံးနှစ်ယောက်ကိုခေါ်လာခဲ့ပေးပါ”

“ဟုတ်ကဲ့ သဌေး”

” နေဦး အဲ့ နှစ်ယောက်က သူတို့နိုင်ငံမှာ မိန်းမနဲ့ ကလေးရှိတဲ့သူဖြစ်ရမယ် ”

“ဟုတ်ကဲ့ သဌေး ”

ခဏနေ လူနှစ်ယောက်နဲ့ အတူ မန်နေဂျာ ပြန်လာသည်။

” ဒီ နှစ်ယောက်ပါ သဌေး ”

” အိုကေ မင်းတို့ နှစ်ယောက် ငါ့စားပွဲ ရှေ့ လာရပ်ပါ”

သဌေးက ထို့သို့ ပြောပြီး စားပွဲပေါ်ကို အထုပ် နှစ်ထုပ်တင်လိုက်တယ်..

” တစ်ထုပ်က ဒေါ်လာ ၁၅၀၀ ပါတယ် ။ တစ်ထုပ်က လစာမဖြတ်ပဲ ခွင့်နှစ်ပါတ်ပေးတဲ့ စာရွက် ကြိုက်တာရွေးပါ မင်းတို့ရွေးတာ တူနေရင် ငါထပ်ပေး မတူတာကိုဖယ်ပြီး”

” ဟုတ်ကဲ့ သဌေး ”

(နှစ်ယောက်ပြိုင်တူသံ )

” ဘယ်ဘက်က တစ်ယောက် မင်းအရင်ပြော ဘာယူမလဲ”

” ကျတော် ၁၅၀၀ ယူမယ် သဌေး ”

“အိုကေ ညာဘက်တစ်ယောက် မင်းပြော ဒေါ်လာ ၁၅၀၀ ပဲဆို ငါ ထပ်ပေးမယ် ”

“ကျတော် ခွင့်နှစ်ပါတ်စာပဲ ယူမယ် သဌေး”

“အိုကေ ဒါဆို မျှသွားတာပေါ့ မင်းတို့ကို မပေးခင် မေးဦးမယ် ဘယ်ဘက်ကတစ်ယောက် ဘာလို့ ခွင့်နှစ်ပါတ်ထက် ဒေါ်လာ၁၅၀၀ကို ရွေးရတာလဲ”

” ကျတော့် အိမ်ကို ပေးချင်လို့ပါ ”

” မင်းပြန်တာ ထက် ပိုက်ဆံက ပိုအရေးကြီးလို့လား”

 

“ဟုတ်ပါတယ် သဌေး ကျတော်က မိသားစု အတွက် ပိုက်ဆံလာရှာတာမို့ ပိုက်ဆံက အရေးကြီးပါတယ်”

” အိုကေ ညာဘက်က တစ်ယောက်ကရော”

“ကျတော် မိသားစု နဲ့ ပြန်တွေ့ချင်လို့ပါ”

” ပိုက်ဆံ ယူ ပို့လိုက်တာထက် မင်းပြန်တွေ့တာက ပိုကောင်းလို့လား ”

” မိသားစုက ပိုက်ဆံထက် ကျတော့်ကို ပိုတွေ့ချင်ကြလို့ပါ ဒါကြောင့် ရွေးချယ်ခွင့်ရရင် ပြန်တွေ့ချင်တာပါ”

” အိုကေ မင်းတို့ ရွေးချယ်တာ မင်းတို့ယူ ပြီး လုပ်စရာရှိတာ သွားလုပ်လို့ရပြီ ဒီနေ့က ငါ့မိန်းမ မွေးနေ့မို့ သူမက ဒီလိုလုပ်ခိုင်းလို့ လုပ်ပေးတာ ဟုတ်လား ”

” ဟုတ်ကဲ့ သဌေး ကျေးဇူးပါ”

(နှစ်ယောက်ပြိုင်တူသံ )

“မန်နေဂျာ မင်းနေခဲ့ဦး သူတို့သွားပစေ”

” ရော့ ဒေါ်လာ ၁၅၀၀ ခွင့်နှစ်ပါတ် ယူသွားတဲ့သူကို ထပ်ပေးလိုက် အားလပ်ရက် မိသားစုနဲ့ ကောင်းကောင်းပြန်နားပြီး ပျော်ရွှင်စွာပြန်လာခဲ့ပါလို့”

“ဟုတ်ကဲ့ ဒါနဲ့ဘာလို့ထပ်ပေးဒါလဲ မေးလို့ရမလား သဌေး ”

သဌေး မျက်ရည်တွေဝဲတက်လာသည်။

” ရပါတယ် သဌေး ပြောလို့မရရင်မပြောပါနဲ့ သိချင်ယုံ သက်သက်ပါ ”

“ရပါတယ်ကွာ မင်းက ငါ့ လူယုံပဲ ပြောလို့ရပါတယ်”

မန်နေဂျာရပ်နေလိုက်သည် သဌေးပြောပြတာနားထောင်ဖို့ဖြစ်သည်။

” ငါ့မိန်းမ ဆုံးသွားတာ ငါးနှစ်ရှိပြီ မင်းသိတယ် ဘာပဲဖြစ်ဖြစ် ဒီနေ့က သူ့မွေးနေ့ လေ ”
“ဟုတ် သဌေး ”

“ငါ မိန်းမ ဆုံးပြီးထဲက နှစ်တိုင်း သူမမွေးနေ့ဆို ဒီလို ခေါ်ပေးနေကြ ဆိုလဲမင်းသိတယ်”

” ဟုတ်”

“ဒါပေမယ့် လစာ တစ်လ ဒေါ်လာ ၇၀၀ ရတဲ့သူက ဒေါ်လာ ၁၅၀၀ ကိုပဲ ရွေးကျတာပဲလေ ခုမှ ခွင့်ကိုရွေးယူတဲ့သူ စတွေ့တာ ”

“ဟုတ် သဌေး”

” ငါ့မိန်းမက ငါ့ကို မဆုံးခင် နှစ်ပါတ်လောက်အလိုက ပြောဖူးတယ် ဘာလဲသိလား ”

“ဟုတ်ပြောပါသဌေး ”

“အခွင့်အရေး ရ ရွေးချယ်ခွင့် ရနေတာတောင် မိသားစု ကို ဂရုမစိုက် အချိန်မပေး မိသားစုထက် ပိုက်ဆံကို ပိုရွေးချယ်ချင်တဲ့ ယောက်ကျား ကို ဘဝဆက်တိုင်း မဆုံချင်တော့ဘူး ခဏတာ အချိန်လေးတောင် မပေးနိုင်ဘူး တဲ့ ”

“အဲလိုပြောတော့ ငါဘာပြန်ပြောခဲ့လဲသိလား ”

“ဟုတ်ပြောပါ သဌေး ”

” အဲ့ ခဏတာ အချိန်က ငါ တစ်လ ဝင်ငွေထက်ပိုရဖိုရှိနေတယ်ဆို ငါလုပ်ရမှာပဲ လောကမှာ မင်းပြောတဲ့ ယောက်ကျားမျိူး မရှိဘူး ဆိုတော့ သူမပြန်ပြောတယ်”

“ဟုတ် သဌေး ”

“ရှိတယ် အဲ့လိုယောက်ကျား ရှင်ကိုယ်တိုင် ရှာတွေ့တဲ့တစ်နေ့မှာ ရှာနားလည်လာလိမ့်မယ် တဲ့ ဒီလိုတွေ ငါနဲ့ စကားများပြီး နှစ်ပါတ်လောက်အကြာ သူဆုံးသွားတာပဲ”

“ဪ သဌေးရယ်ကျတော် စိတ်မကောင်းပါဘူး ကျတော်မေးမိတာ”

” အာ ရပါတယ်ကွ သွားသွား ခွင့်ပြန်မယ့် သူကို ပိုက်ဆံသေချာပေးလိုက်ဦး”

မန်နေဂျာ သဌေးခန်းက အထွက်လမ်းတွင် သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ထို့နောက် သူအိတ်ထဲက ရှိသည့် ဒေါ်လာ ၃၅၀ ကိုထုတ်ပြီး…

“ဟေ့ဟေ့ နေဦး ရော့ ဒါက မင်းကို သဌေး bonus ထပ်ပေးတာ မင်းကိုသဘောကျလို့ ဒီ 350 ကငါပေးတာ အိမ်ပြန်လက်ဆောင်ပေါ့ကွာ ”

“ဟာ ကျေးဇူးတင်လိုက်တာဗျာ ”

မန်နေဂျာ သည် ပေးစရာရှိတာကို ပေးပြီးနောက် သဌေးဆီ ပြန်လာခဲ့သည်။

” သဌေး ကျတော့်ရဲ့ ခွင့်တွေကလဲ ကုန်နေတော့ လစာမဲ့ ခွင့် နှစ်ပါတ်လောက် ပေးပါ မိန်းမ နဲ့ သမီး ကို တိုင်ဝမ် လိုက်ပို့မလို့”

 

( အလုပ်က အန်ကယ် ပြောပြသည့် ဖြစ်ရပ်မှန် အကြောင်းကို နားလည်သလို ပြန်ရေးထားချင်းဖြစ်သည်)

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*