
ဆံပင်ဖြူလာတဲ့အခါမှာ မပြုလုပ်သင့်တဲ့အရာ (၅) ခု…
အသက်အရွယ်က တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ်။ ဆံပင်ဖြူလာတဲ့အခါမှာ မပြုလုပ်သင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း
ခေါင်းလျှော်တဲ့အခါ ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့် နေ့စဉ်တော့ မလျှော်သင့်ပါဘူး။ ဆံပင်ဖြူတဲ့သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက ဆံသားကို ပိုခြောက်သွေ့စေပါတယ်။
ဆံပင်ဆေးဆိုးထားတဲ့သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကိုသုံးရင် ဆံပင်အရောင်တွေ မှိန်လာပါတယ်။
၂။ ရေဓာတ်မပြည့်ဝခြင်း
ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝအဆီဓာတ်တွေ ခန်းခြောက်လာပါပြီ။ ဆံသားမှာ ရေဓာတ်ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင် အစိုဓာတ်ဖြည့်ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်
ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝရင် ဆံပင်ဖြူတွေက တဖြည်းဖြည်း များလာပါတယ်။ ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။
၃။ ဆံပင်ကို ခဏခဏပုံသွင်းခြင်း
ဆံပင်ဖြူသူတွေမှာ ဆံသားအဆိတွေ နည်းပါးလာတာကြောင့် အပူပေးပြီး ပုံသွင်းတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတဲ့အခါ ဆံသားက ခြောက်သွေ့ပြီး ကျွတ်ဆတ်လာပါတယ်။
ဆံပင်လည်း ပိုကျွတ်လာပါတယ်။ ဆံပင်တွေ ဖြူလာပြီးတဲ့နောက် အပူပေးပြီး ပုံသွင်းတာကို လျှော့ချလိုက်တဲ့အခါ ဆံပင်ကျွတ်တာလည်း သက်သာလာမှာပါ။
၄။ Dry shampoo ကို အသုံးများခြင်း
ဆံပင်ဖြူတဲ့အခါမှာ ဆံသားတွေက အရင်ကလို မတောက်ပတော့ပါဘူး။ အဲဒါကြောင့် ခေါင်းလျှော်ရည်ကိုသာ သုံးသင့်ပြီး Dry shampoo ကို မသုံးသင့်တော့ပါဘူး။ Dry shampoo ကို ခဏခဏသုံးရင် ဗောက်ထတာ၊ ဦးရေပြားယားယံတာနဲ့ ဆံသားမတောက်ပတာတို့ ဖြစ်ပေါ်စေပါတယ်။
၅။ ဆံပင်ဖြူနှုတ်ခြင်း
ဆံပင်တွေ ဖြူလာတဲ့အခါမှာတော့ တစ်ပင်ဖြူရင် တစ်ပင်ကို နှုတ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ဖြူတွေ နှုတ်လေ ဆံပင်ဖြူတွေ ပိုများလာလေပါပဲ။
ဆံပင်ဖြူနှုတ်တာကြောင့် ဦးရေပြားက မွေးညင်းပေါက်လေးတွေလည်း အားနည်းလာပါတယ်။ ဆံပင်ဖြူလာတဲ့အခါမှာ သဘာဝဆိုးဆေးအကူအညီကိုသာ ယူသင့်ပါတယ်။
Leave a Reply