
သံပုရာသီး ၏ အံ့အားသင့္ဖယြ် အသုံးဝင္ပုံ (၁၆) မိုး
၁- ချိုင်းချေးချွတ်ခြင်း
သံပုရာတွင်ပါသော အက်ဆစ်ဓါတ်ငွေ့တွေဟာ သင့်ကို အသားဖြူစေပြီး ဆဲလ်သေများကို ဖယ်ရှားပေးနိုင်သော အကျိုးအာနိသင်ရှိပါတယ်။
နေ့စဉ် ရေမချိုးမီ သင့် ချိုင်း ကို သံပုရာခြမ်းလေးနှင့် ပွတ်ပြီး ရေချိုးပြီးနောက် အစိုဓါတ်ထိန်းပေးသော ခရင်ကို ပြန်လိမ်းပေးပါ။ (၇) ရက်အတွင်း သိသိသာသာ အကျိုးရလာဒ်ရရှိလာပါလိမ့်မယ်။
၂- အင်းဆက် နှိမ်နင်းခြင်း
သင့်အိမ်ရှိ ပုရွက်ဆိတ်များကို ရှင်းလင်းရန်အတွက် သံပုရာရည်ကို ပြတင်းပေါက်ဘောင်နှင့် တံခါးပေါက်နားမှာ ဖြန့်ထားလိုက်ပါ။ သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး လေးညှင်းပွင့်လေးများကို စိုက်ထားပေးခြင်းဖြင့် ခြင်မလာအောင် ကာကွယ်နိုင်ပါတယ်
၃- ဘယ်ရီသီးမှ အရောင်စွန်းခြင်းကို အရောင်ချွတ်ခြင်း
သင့်အင်္ကျီတွင် စွန်းပေခဲ့သော ဘယ်ရီသီး အရောင်များကို ချွတ်ရန် သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။ စွန်းထင်းနေသော အင်္ကျီစကို ရေအေးအေးလေးဖြင့် လျှော်ပြီး သံပုရာရည် ကို မိနစ်အနည်းငယ် စိမ်ထားပြီး အရောင်ချွတ်နိုင်ပါတယ်
၎- စတီးပစ္စည်းများကို တိုက်ချွတ်ခြင်း
သံပုရာခွံနှင့် မုန့်ဖုတ်ဆိုဒါများက သင်၏ စတီးပစ္စည်းများကို စွန်းထင်းခြင်းမရှိဘဲ တောက်ပြောင်လာစေပါလိမ့်မယ်။
၅- သင့် ကျန်းမာရေးကို အထောက်အကူပြုခြင်း
သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါ အရောက ကိုလတ်စထော ကိုညှိပေးခြင်း၊ အသည်းကို သန့်စင်ပေးခြင်း၊ ဗီတာမင်စီ ပြည့်ဝစေခြင်း စသည့် ကောင်းကျိုးများ ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနှင့် သံပုရာ (တစ်ခြမ်း) ရည်ကို ရေ ရော၍ နံနက်တိုင်း သောက်ပေးနိုင်ပါတယ်
၆-ဖယောင်းတိုင် စိုက်ခွက်အဖြစ် အသုံးပြုခြင်း
သံပုရာသီး၊ သံပုရိုနှင့် လိမ္မော်သီးတို့ဟာ ကိုယ်ပိုင်ထူးခြားသော ဖယောင်းစိုက်တိုင်လေးလုပ်ရန် အသုံးဝင်လှပါတယ်။ သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အထဲမှာ အစာများကို ဖယ်ထုတ်ပါ။ ပြီးနောက် ဖယောင်းသုတ်ပါ။ တမူထူးခြားသော ဖယောင်းစိုက်ခွက်လေးများကို ပိုင်ဆိုင်နိုင်ပါပြီ
၇- ရှူးဖိနပ်တွင်းရှိ အနံ့ဆိုးများ
သံပုရာခွံလေးများကို သင့်ရှူးဖိနပ်ထဲတွင် ညလုံးပေါက်ထားပြီး အနံ့ဆိုးများကို ဖယ်ရှားလိုက်ပါ
၈- အပင်ပေါက်လေးများကို ကြီးထွားမှုနှုန်း မြန်ဆန် လာစေခြင်း
သံပုရာသီးတွေက အပင် ကြီးထွားမှုနှုန်းကို မြန်ဆန်စေပါတယ်။ အရည်ထုတ်ပြီးသား သံပုရာခြမ်းထဲကို မျိုးစေ့ထည့်ပြီး စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်များကို လျှင်မြန်စွာ ကြီးထွားလာလိမ့်မယ်
၉- ရေခဲသေတ္တာကန့်များကို သန့်ရှင်းခြင်း
ရေခဲသေတ္တာကန့်များကို သန့်ရှင်းရေးလုပ်သည့်အချိန်တွင် သံပုရာရည်သုံးပြီး သန့်ရှင်းပေးပါက အနံ့ဆိုးများကို လျော့ပါးစေလိမ့်မယ်။ အဝတ်စပေါ်တွင် သံပုရာရည် အနည်းငယ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်
၁၀- ထမင်းစားပွဲ ပြင်ဆင်ခြင်း
လက်ကိုသာ အသုံးပြု၍ စားရမည့် ထမင်းပွဲများတွင် သံပုရာရည်ကို လက်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်
၁၁-အစာချေစနစ်ကို ကောင်းမွန်စေခြင်း
သံပုရာရည်နွေးနွေးလေးကို ပျားရည်ရော၍ မနက်စာ မစားခင် သောက်သုံးပေးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
၁၂- မှဲ့ခြောက်ရန်မှ ကင်းဝေးရန်
သံပုရာသီးကတော့ မှဲ့ခြောက်နှင့် အသက်အရွယ်အရ ဖြစ်ပေါ်လာသော အရေးအကြောင်း အမဲစက်များကို လျော့ပါးစေပါတယ်။ နည်းလမ်းလေးကတော့ သံပုရာခြမ်း ပါးပါးလေးကို မျက်နှာအနှံ့ ဖြည်းညှင်းစွာ ပွတ်တိုက်ပေးရုံပါပဲ။
၁၃- လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ရန်
ကျန်းမာသန်စွမ်းပြီး ပန်းနုရောင် လက်သည်းလေးတွေကို ပိုင်ဆိုင်ရဖို့ရန် နည်းလမ်းကတော့ ရေနွေးနွေးထဲကို သံပုရာရည် အစက်လေးတွေ ထည့်ပြီး သင့်လက်သည်းတွေကို စိမ်ပေးရုံပါပဲ။
၁၄-အဝတ်စဖြူတွေကို ဖြူလွှလွှလေးဖြစ်လာစေရန်
အဝတ်စဖြူတွေကို အမြဲဖြူလွှနေစေရန် အဝတ်စတွေကို မလျှော်မီ နာရီဝက်ခန့် သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါရောပြီး စိမ်ထားပေးရုံပါပဲ။
၁၅- သင့် စဥ့်တီတုံးကို သန့်စင်စေရန်
စဥ့်တီတုံးတွေကို သန့်သန့်ရှင်းရှင်းနှင့် ကြာရှည်အသုံးခံဖို့အတွက်ဆိုလျှင် သံပုရာခြမ်းနှင့် ဆားကို သုံးပြီး တိုက်ချွတ်ပေးသင့်ပါတယ်။ ၁၀-၁၅ မိနစ်အထိထားပြီး တစ်ကြိမ်ထက် ပိုလုပ်ပေးရန် လိုပါတယ်
၁၆- ဘက်စုံ သန့်ရှင်းစေရန် အသုံးပြုခြင်း
ဗူးတစ်ဗူးထဲတွင် သံပုရာသီးခွံပေါ်ကို ၁၅၀ မီလီလီတာရှိသော ဗနီကာလောင်းပြီး တစ်ညသိပ်ထားလိုက်ပါ။ မနက်ရောက်လျှင် ရေ ၁၅၀ မီလီလီတာ ထပ်ထည့်လိုက်ပါ။ ဤစပရေးဗူးကို မည်သည့်အရာမဆို သန့်ရှင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။
Credit
Leave a Reply