

အကြော်တစ်ခုကို ၅၀ပါ ၁၀၀ဖိုးကို ၃ခု ထားလိုက် မရလို့ပါကွယ်…၂၀၀ ဖိုး ၅ ခုတော့ ထားလိုက်ပါလို့ ပြောလိုက်သောအခါ…“ကျွန်တော်နဲ့အကြော်သည်အမေကြီး”အမှတ်တမဲ့ပါပဲ နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါအကြော်တစ်ခုကို ဘယ်လောက်လဲ ?ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ)အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ။

အကြော်တစ်ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက်မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထား…တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်”လာ…သားအကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်။

ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။သြော်..လူတွေများခက်လိုက်တာဗျာအကြော်ဝယ်ဖို့ဈေးဆစ်လို့မရတော့ညစ်ပတ်တယ်မစားနဲ့လို့ ပြောသွားတယ်။

ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်။” ဟောဒီက…အကြော်ပူပူလေး…”ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်

ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ် အမေကြီး…ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ါပြန်လှည့်လာပြီး…အကြော်ဗန်းကို ချပေးတယ် ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာစားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။(စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာအကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲ

အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲ….ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု (၅၀)ပါ သားလေးရယ်”(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)

” အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။(သူ့ခမျာ အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွားပုံပဲ)” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီး..

ငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ်အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန်အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်။” ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့” ..ဆိုတော့..” မဟုတ်တာ သားလေးရယ်” တဲ့” ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရော….”

ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီးပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်”” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော(၆၅)နှစ်တဲ့ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာအသက်သိပ်မကွာ။လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့်

အမေ့ထက်တောင် အများကြီးအိုစာနေပါလား..?တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..တရားအားထုတ်ပြီး
အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ”သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ

မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ။တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲမှာ..

မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်…မိဘကို ကျွေးမွေးပြုစုစောင့်ရှောက်ကြပါ…။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*