ရုပ်ရှင်တွေထဲကလို နှင်းတွေ ကျတဲ့ မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား

ရုပ်ရှင်တွေထဲကလို နှင်းတွေ ကျတဲ့ မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့ သွားလို့ရတဲ့ ပန်ဝါမြို့ပါ ။ပန်ဝါကို သွားတဲ့ လမ်းနစ်လမ်း ရှိပါတယ်နော်။ပထမက အ လွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေမြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ။ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။

ဒုတိယလမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီ ဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ်နော်။ လမ်းက မြေနီလမ်းများပါတယ် ။ ပတ်စပို့ လုပ်စရာမလို ပါ ဘူး။ ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင်လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွား ရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေတရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်နော်။ ကိုယ်လမ်းသိစရာမလိုဘူး ။

ကားသမားတွေ သိပါတယ်။ ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် ။

အများဆုံး ၁၅ မိနစ်ပဲကြာပါ တယ်။လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ်နော်။ ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ်။

ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြ ရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ် အကူညီတောင်းရင် ကူညီကြပါတယ်နော်။

ဒီမြို့လေးကိုတော့ google map မှာခေါက် ကြည့်ရင်တော့ လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉) မိနစ်၊ လောင်ဂျီ ကျု (၉၈)ဒီ ဂရီ၊ (၂၀)မိနစ် မှာတည်ရှိပီး၊မြန်မာနိုင်ငံ မြေပုံအရ ကချင် ပြည် နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးဘဲ ဖြစ်ပါတယ်နော်။

ဒီပန်ဝါ မြို့လေးဟာ ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာ တရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့တ ရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့် တောင် စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါး လွန်းပါတယ်နော်။

တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်း အ ထက်တွေရှိပါတယ်။ ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ်။ အားလုံးက ရိုးသားကြပါတယ် ။အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါ တယ် ဒါက အလွယ်ကူဆုံး လမ်းပါ။ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ်။ ချီဖွေ မှာ တစ်ည အိပ်ရပါလိမ့်မယ်နော်။

တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီးတော့ တောတောင် သဘာဝတွေအများကြီးရှိပါတယ်နော်။ မေခမြစ်အတိုင်း တက်သွားရတာပါ၊ နောက်နေ့ မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ်။

ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန် လို့ရပါတယ်နော်။ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။မှတ်ချက်။မြစ်ကြီး နားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ်နော်။ မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*