ဆုံးျဖတ္တာ မေစာလိုက္ပါနဲ႔

ဆုံးျဖတ္တာ မေစာလိုက္ပါနဲ႔

ရထားတစ္စင္း ေပၚမွာေပါ့.. ။ ၂၄ ႏွစ္ အ႐ြယ္ ေကာင္ေလးတစ္ေယာက္ဟာ ရထားျပဴတင္းေပါက္ ကေန အျပင္ကို ၾကည့္ေနရင္း ေအာ္ေျပာလိုက္တယ္ ။“ အေဖ… ၾကည့္ပါဦး… သစ္ပင္ေတြက ေနာက္မွာ က်န္ခဲ့တယ္ေနာ္… ေဝး.. ေဟး… ”သူ႔အေဖ ကေတာ့ ၿပဳံးပီးေနပါတယ္… ။

သူတို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံက လင္မယား ႏွစ္ေယာက္ ကေတာ့ ေကာင္ေလးရဲ႕ ကေလးကလား အျပဳအမူ အေျပာအဆိုေတြကို ၾကည့္ၿပီး မ်က္ေစာင္း ထိုးေနတာေပါ့… ။ ေကာင္ေလးက ႐ုတ္တရက္ ထေအာ္ေျပာ လိုက္ျပန္ပါတယ္… ။

“ ဟာ… အေဖ… ၾကည့္ပါဦးဗ်… တိမ္ေတြက က်ေနာ္တို႔ ေနာက္မွာ လိုက္လာတယ္ ေနာ္… ”ဟိုလင္မယား ႏွစ္ေယာက္လည္း သည္းမခံႏိုင္ေတာ့ဘဲ ေကာင္ေလးရဲ႕ အေဖ အဖိုးႀကီးကို ေျပာလိုက္တယ္… ။

“ ေကာင္ေလးကို… ဆရာဝန္ ျပဖို႔ေတာ့ လိုၿပီ ထင္တယ္ေနာ္ … ”အဖိုးႀကီး ကလည္း ၿပဳံးၿပဳံးေလးပဲ ျပန္ေျဖလိုက္ပါတယ္…
“ ဆရာဝန္ ျပၿပီး ပါၿပီ … ခုတင္ပဲ က်ဳပ္တို႔ ေဆး႐ုံက ျပန္လာ ၾကတာ…

က်ဳပ္သားက ေမြးရာပါ မ်က္စိကြယ္ေနခဲ့တာ…ဒီေန႔ဟာ သူ ေလာကႀကီးကို ပထမဆုံး ျမင္ေတြ႕ခြင့္ ရရွိတဲ့ ေန႔ေလးမို႔ပါ… ”
ေလာကမွာ ရွိသမွ် လူအားလုံးဟာ သူ႔အေၾကာင္းနဲ႔သူ ရွိေနၾက ပါတယ္ ။ သူတို႔ အေၾကာင္းကို ေသခ်ာ မသိဘဲ သူတို႔ကို ဆုံးျဖတ္တာ မေစာလိုက္ ပါနဲ႔… ။

Crd

ဆုံးဖြတ်တာ မစောလိုက်ပါနဲ့

ရထားတစ်စင်း ပေါ်မှာပေါ့.. ။ ၂၄ နှစ် အရွယ် ကောင်လေးတစ်ယောက်ဟာ ရထားပြူတင်းပေါက် ကနေ အပြင်ကို ကြည့်နေရင်း အော်ပြောလိုက်တယ် ။“ အဖေ… ကြည့်ပါဦး… သစ်ပင်တွေက နောက်မှာ ကျန်ခဲ့တယ်နော်… ဝေး.. ဟေး… ”သူ့အဖေ ကတော့ ပြုံးပီးနေပါတယ်… ။

သူတို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံက လင်မယား နှစ်ယောက် ကတော့ ကောင်လေးရဲ့ ကလေးကလား အပြုအမူ အပြောအဆိုတွေကို ကြည့်ပြီး မျက်စောင်း ထိုးနေတာပေါ့… ။ ကောင်လေးက ရုတ်တရက် ထအော်ပြော လိုက်ပြန်ပါတယ်… ။

“ ဟာ… အဖေ… ကြည့်ပါဦးဗျ… တိမ်တွေက ကျနော်တို့ နောက်မှာ လိုက်လာတယ် နော်… ”ဟိုလင်မယား နှစ်ယောက်လည်း သည်းမခံနိုင်တော့ဘဲ ကောင်လေးရဲ့ အဖေ အဖိုးကြီးကို ပြောလိုက်တယ်… ။

“ ကောင်လေးကို… ဆရာဝန် ပြဖို့တော့ လိုပြီ ထင်တယ်နော် … ”အဖိုးကြီး ကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်ပါတယ်…
“ ဆရာဝန် ပြပြီး ပါပြီ … ခုတင်ပဲ ကျုပ်တို့ ဆေးရုံက ပြန်လာ ကြတာ…

ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ…ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံး မြင်တွေ့ခွင့် ရရှိတဲ့ နေ့လေးမို့ပါ… ”
လောကမှာ ရှိသမျှ လူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြ ပါတယ် ။ သူတို့ အကြောင်းကို သေချာ မသိဘဲ သူတို့ကို ဆုံးဖြတ်တာ မစောလိုက် ပါနဲ့… ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*