
ဆံပင်ဖြူခြင်းအတွက် အလွယ်ကူ ဆုံးကုသနည်း
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ လူငယ်တော်တော်များများမှာ တွေ့လာရတယ်။ ပုံမှန်အား ဖြင့် အသက်(၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့် ဒီနေ့ခေတ်မှာတော့ အသက်(၂၀)ကျော်နဲ့ ဆံပင်ဖြူလာသူတွေ တွေ့လာရပြီ။ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို premature grey hair လို့ ခေါ်ပါတယ်။ အမှန်တော့ ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ် လုပ် မှုနည်းလာလို့ ဖြစ်ပါတယ်။
အထူးသဖြင့် မျိုးရိုး၊ စိတ်ဖိစီးမှု၊ အာဟာရဓာတ်ချို့တဲ့မှုတွေက ဆံပင်အရောင်ကို ဖြူလာစေတယ်။ အသက်အရွယ်အရ ဆံပင်ဖြူသူတွေအတွက် သိပ်ကိစ္စမ ရှိပေမယ့် လူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတွေသာ ဖြစ်တယ်။ အရွယ်မတိုင်ခင် ဆံပင် ဖြူလာတာနဲ့ ပက်သက်ပြီး လေ့လာကြည့်တဲ့အခါ မျိုးရိုးတခုတည်းတင်မဟုတ်ဘဲ အင်တီ အောက် စီးဒင့်တမျိုးဖြစ်တဲ့ catalase ဓာတ် ချို့တဲ့ခြင်းနဲ့ ဆံသားအခြေမှာ hydrogen peroxide တွေ စုပုံနေခြင်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဆိုတယ်။
ဒါဆို ဆံပင်မဖြူ အောင် လုပ်လို့ရသလား။ ဟုတ်ကဲ့ ရပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းက ကြက်သွန် နီရည်ဖြစ်တယ်။ ဆံပင်နဲ့ပက်သတ်ရင် ကြက်သွန်နီအရည်က တော်တော်ကောင်းပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေတဲ့ လူငယ်တွေအတွက် သင့်တော်တယ်။
ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီက ထွက်တဲ့အရည်ထဲမှာ catalase ပမာဏကို မြင့်တက် စေနိုင် လို့ပါ။ catalase ကြောင့် ဆံပင်ရဲ့ ပုံမှန်အရောင်ကို ပြန်ရစေတယ်။ အဲဒီထဲကိုမှ သံပုရာ ရည် တဇွန်း ထည့်ပြီး ဦးရေပြားကိုလိမ်းရင် ဆံပင် ထူထပ်စေပြီး အဆီပြန်ခြင်း၊ဗောက်ထခြင်း ကိုပါ ကင်းဝေးစေသတဲ့။ ပါဝင်ပစ္စည်းတွေကတော့ – ကြက်သွန်နီရည် – လက်ဖက်ရည်ဇွန်း (၃)ဇွန်း၊ သံပုရာသီးရည် – လက်ဖက်ရည်ဇွန်း(၂)ဇွန်း။ ကြက်သွန်နီကိုကြိတ်ပြီး ထွက်လာတဲ့အ ရည် ကိုု လက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့် ယူပါ။
သံပုရာသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာခန့်နဲ့ ရောပါ။ အဆိုပါအရောကို ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီး မိနစ်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ခပ်ပျော့ပျော့ shampoo တမျိုးမျိုး သုံးပြီး ခေါင်းပြန်လျှော်ပါ။ အဆိုပါ နည်းအ တိုင်း တပတ်ကို ၅ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ဆံပင်ဖြူခြင်းကို သိသိ သာသာပျောက်ကင်းစေရုံသာမက ဆံသားပါးခြင်း၊ ဆံနွယ်ကျွတ်ခြင်းကိုပါ ကာကွယ်ပေးလိမ့် မယ်။
ဆံပင္ျဖဴျခင္းအတြက္ အလြယ္ကူ ဆုံးကုသနည္း
အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းဟာ လူငယ္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရတယ္။ ပုံမွန္အား ျဖင့္ အသက္(၄၀)ေက်ာ္မွသာ ဆံပင္ျဖဴၾကေပမယ့္ ဒီေန႔ေခတ္မွာေတာ့ အသက္(၂၀)ေက်ာ္နဲ႔ ဆံပင္ျဖဴလာသူေတြ ေတြ႕လာရၿပီ။ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာကို premature grey hair လို႔ ေခၚပါတယ္။ အမွန္ေတာ့ ဆံပင္အေရာင္ကိုျဖစ္ေစတဲ့ ေရာင္ျခယ္ဆဲလ္ melanin ထုတ္ လုပ္ မႈနည္းလာလို႔ ျဖစ္ပါတယ္။
အထူးသျဖင့္ မ်ိဳး႐ိုး၊ စိတ္ဖိစီးမႈ၊ အာဟာရဓာတ္ခ်ိဳ႕တဲ့မႈေတြက ဆံပင္အေရာင္ကို ျဖဴလာေစတယ္။ အသက္အ႐ြယ္အရ ဆံပင္ျဖဴသူေတြအတြက္ သိပ္ကိစၥမ ရွိေပမယ့္ လူငယ္ေတြအတြက္ေတာ့ အိပ္မက္ဆိုးေတြသာ ျဖစ္တယ္။ အ႐ြယ္မတိုင္ခင္ ဆံပင္ ျဖဴလာတာနဲ႔ ပက္သက္ၿပီး ေလ့လာၾကည့္တဲ့အခါ မ်ိဳး႐ိုးတခုတည္းတင္မဟုတ္ဘဲ အင္တီ ေအာက္ စီးဒင့္တမ်ိဳးျဖစ္တဲ့ catalase ဓာတ္ ခ်ိဳ႕တဲ့ျခင္းနဲ႔ ဆံသားအေျခမွာ hydrogen peroxide ေတြ စုပုံေနျခင္းက အဓိကအေၾကာင္းရင္း ျဖစ္တယ္လို႔ ဆိုတယ္။
ဒါဆို ဆံပင္မျဖဴ ေအာင္ လုပ္လို႔ရသလား။ ဟုတ္ကဲ့ ရပါတယ္။ အဲဒီအတြက္ အေကာင္းဆုံးနည္းက ၾကက္သြန္ နီရည္ျဖစ္တယ္။ ဆံပင္နဲ႔ပက္သတ္ရင္ ၾကက္သြန္နီအရည္က ေတာ္ေတာ္ေကာင္းပါတယ္။ အထူးသျဖင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆံပင္ျဖဴေနတဲ့ လူငယ္ေတြအတြက္ သင့္ေတာ္တယ္။
ဘာ့ေၾကာင့္လဲဆိုေတာ့ ၾကက္သြန္နီက ထြက္တဲ့အရည္ထဲမွာ catalase ပမာဏကို ျမင့္တက္ ေစႏိုင္ လို႔ပါ။ catalase ေၾကာင့္ ဆံပင္ရဲ႕ ပုံမွန္အေရာင္ကို ျပန္ရေစတယ္။ အဲဒီထဲကိုမွ သံပုရာ ရည္ တဇြန္း ထည့္ၿပီး ဦးေရျပားကိုလိမ္းရင္ ဆံပင္ ထူထပ္ေစၿပီး အဆီျပန္ျခင္း၊ေဗာက္ထျခင္း ကိုပါ ကင္းေဝးေစသတဲ့။ ပါဝင္ပစၥည္းေတြကေတာ့ – ၾကက္သြန္နီရည္ – လက္ဖက္ရည္ဇြန္း (၃)ဇြန္း၊ သံပုရာသီးရည္ – လက္ဖက္ရည္ဇြန္း(၂)ဇြန္း။ ၾကက္သြန္နီကိုႀကိတ္ၿပီး ထြက္လာတဲ့အ ရည္ ကိုု လက္ဖက္ရည္ဇြန္း(၃)ဇြန္းစာခန႔္ ယူပါ။
သံပုရာသီးကို အရည္ညႇစ္ၿပီး လက္ဖက္ရည္ဇြန္း (၂)ဇြန္းစာခန႔္နဲ႔ ေရာပါ။ အဆိုပါအေရာကို ဆံသားနဲ႔ ဦးေရျပားကို လိမ္းၿပီး မိနစ္သုံးဆယ္ၾကာ ထားပါ။ ၿပီးရင္ ခပ္ေပ်ာ့ေပ်ာ့ shampoo တမ်ိဳးမ်ိဳး သုံးၿပီး ေခါင္းျပန္ေလွ်ာ္ပါ။ အဆိုပါ နည္းအ တိုင္း တပတ္ကို ၅ရက္ခန႔္ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။ ႏွစ္ပတ္အတြင္း ဆံပင္ျဖဴျခင္းကို သိသိ သာသာေပ်ာက္ကင္းေစ႐ုံသာမက ဆံသားပါးျခင္း၊ ဆံႏြယ္ကြၽတ္ျခင္းကိုပါ ကာကြယ္ေပးလိမ့္ မယ္။
Leave a Reply