၂.၁၀.၂၀၂၃ မိုးလေဝသအခြေအနေ

၂.၁၀.၂၀၂၃ မိုးလေဝသအခြေအနေ

အိန္ဒိယနိုင်ငံအတွင်းဝင်ရောက်သွားခဲ့တဲ့မုန်တိုင်းနဲ့အတူ ပီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပါတယ်။ ယနေ့မှာတော့ မုန်းတိုင်းရဲ့ အကြွင်းအကျန် မိုးတိမ်တောင်များ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်ခဲ့ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရင်နေ့တွေထက် မိုးရွာသွန်းမှု့လျှော့ကျခဲ့ပါတယ်။

ရခိုင်ပြည်နယ် ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း မကွေးတိုင်း ပဲခူးတိုင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကယားပြည်နယ် တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ မိုးရွာသွန်းမှု့သိသာစွာ လျှော့နည်းမယ်လို့ခန့်မှန်းပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ စတင်ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာဆိုရင်တော့ မြောက်ဖက်ကို ဦးတည်ရွေ့လျှားနေပြီး ဖစ်လပိုင်ကျွန်းစုအနီးမှ ထိုင်ဝမ်းကျွန်စုကိုဖြတ်လျှက် တရုတ်နိုင်ငံဆီကို ဦးတည်သွားမယ်လို့ ကနဦးခန့်မှန်းထားကြပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်တဲ့မုန်တိုင်းဟာ မြန်မာနိုင်ငံဆီကို ဦးတည်ရောက်ရှိလာမယ့် အခြေအနေမရှိဘူးလို့ ကနဦးခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးလွန်းတဲ့အတွက် မြန်မာနိုင်ငံအပေါ် မုန်တိုင်းရဲ့ အကျိုးသက်ရောက်မှု့ဟာလည်း နည်းပါးလိမ့်မယ်လို့ခန့်မှန်းပါတယ်။ သို့သော်လည်း မုန်းတိုင်းရှိရာအရပ်ဆီကို တိုက်ခတ်စီးဆင်းသွားမယ့် ဘင်္ဂလားပင်လယ်အော်အတွင်းက လေစီးကြောင်းနဲ့အတူ ရေငွေ့များ မိုးတိမ်များပါလာပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတ​ော့ မိုးဆက်ရွာသွန်းနေမယ်လို့ခန့်မှန်းပါတယ်။ မိဘပြည်သူအားလုံး ကျန်းမာချမ်းသာကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*