“သင့်ကိုအံ့ဩသွားစေမယ့် လောက်ကိုင်မှာ အချဉ်ပေါင်းရောင်းသူတွေရဲ့ တစ်လတာ ဝင်ငွေ”

“သင့်ကိုအံ့ဩသွားစေမယ့် လောက်ကိုင်မှာ အချဉ်ပေါင်းရောင်းသူတွေရဲ့ တစ်လတာ ဝင်ငွေ”

ပြောပြမယ်နော်။

လောက်ကိုင်မှာ ဒီလို သုံးဘီးလေးတွေနဲ့ အချဉ်ပေါင်း၊ သင်္ဘောသီးထောင်း၊ ပင်လယ်စာထောင်း၊ လက်ဖက်သုတ်၊ ဂျင်းသုတ် အဲလိုလေးတွေလိုက်ရောင်းကြတာ။

တစ်ပွဲကို ၁၀ ယွမ်ကစပြီး ၁၅ ယွမ်၊ ယွမ် ၂၀ အဲလိုရှိတယ်။ အခုပေါက်စျေးက တစ်ယွမ်ကို မြန်မာငွေ ၄၅၀ ကျပ်ဆိုတော့ တစ်ပွဲကို အနည်းဆုံး ၄၅၀၀ ပဲ။

လူစည်တဲ့နေရာတွေပတ်ရောင်းတာမို့ ဆိုင်ခန်းငှါးခ မကုန်ဘူး။

နေတဲ့အဆောင်က အနည်းဆုံး မြန်မာငွေ ၂ သိန်းတန်ရှိတယ်။ လူ ၂ ယောက် အေးဆေးနေလို့ရတယ်။ တစ်ချို့ ၄ ယောက်နေကြတယ်။

စားတာက ကိုယ်ဟာကိုယ်ချက်စားရင် မကုန်ဘူးအဲလောက်။

အဲလိုအချဉ်ပေါင်းသည်တစ်ယောက်ရဲ့ဝင်ငွေ တစ်လကို သိန်း ၅၀ ကျော်တယ်ဆို ယုံမလား ?

ဘာလို့ သူများဆိုင်မှာ ဝန်ထမ်းလုပ်နေကြဦးမလဲ။

အရင်းအနှီးမရှိလို့ ဝန်ထမ်းခနလုပ်ရရင်လည်း ပိုက်ဆံမြန်မြန်စု။

 

သေးရင်သေးပါစေ ကိုယ်ပိုင်အလုပ် အမြန်လုပ်။

ဖုန်းလေးပွတ်လိုက်၊ အသဲလေးကွဲလိုက်လုပ်မနေကြစမ်းနဲ့။

Original Uploader – ဘိုထွဋ်

Be the first to comment

Leave a Reply

Your email address will not be published.


*