“တစ်ခေတ်တစ်ခါက အမျိုးသမီး စပယ်ယာများအကြောင်း”

“တစ်ခေတ်တစ်ခါက အမျိုးသမီး စပယ်ယာများအကြောင်း”

မှတ်မိသလောက် ၁၉၇၀ လောက်ကအမျိုးသမီးစပယ်ယာကို မီလိုက်ပါတယ်။ ကိုယ်တိုင်ဘတ်စ်မစီးတတ်သေးဘူး။ လူကြီးနဲ့လိုက်သွားရင်းအမျိုးသမီးစပယ်ယာကိုမှတ်မိနေတာ။

တောင်ဥက္ကလာ ဆူးလေဆွဲတဲ့ဟီးနိူး (Hino BT) မှာ အမျိုးသမီးစပယ်ယာပါတယ်။ အပေါ်ဘလောက်စ်အင်္ကျီအဖြူ၊ အပြာရင့်ရောင်ထမိန်တိုတိုဝတ်ထားကြပါတယ်။ ခါးမှာကားလက်မှတ်ထည့်တဲ့ သားရည်ခါးပတ်ကြီးပတ်ထားပြီးရှုးဖိနပ်နဲ့။ လက်မှတ်တန်ဖိုးအမျိုးမျိုးရှိပြီးတန်ဖိုးအပြင် လက်မှတ်အရောင်နဲ့ ခွဲထားပါတယ်။
အဲ့ဒီတုန်းကဘတ်စ်ကားပေါ် မတ်တတ်ရပ်စီးသူမရှိသလောက်ပါပဲ။ ခရီးသည်တိုင်း အပြာရောင်သားရေထိုင်ခုံကိုယ်စီနဲ့စမတ်ကျကျပေါ့။ ညဆိုကားပေါ်မီးထွန်းထားလို့ထိန်လင်းနေတာကြောင့် ဟီနိုးဘတ်စ်လာနေတာ ဟိုးအဝေးကလှမ်းမြင်ရပါတယ်။

၁၉၇၅-၈၀(ခန့်မှန်း) မှာရန်ကုန်ဘတ်စ်ကားစနစ်မှာ အမျိုးသမီးစပယ်ယာအစား ယောကျာ်းလေးဖိုက်တာ စပယ်ယာအုပ်စုပေါ်လာပါတယ်။

၁၉၇၀-၈၀အတွင်းဥရောပနိုင်ငံဘတ်စ်ကားလိုင်းများမှာစပယ်ယာပါတာပုံမှန်ဖြစ်နေပါပြီ။ နှစ်ထပ်ဘတ်စ်ကားကြီးမှာ စပယ်ယာပါမှခရီးသည်ဝန်ဆောင်မှု ပိုလွယ်ကူအဆင်ပြေစေမှာပါ။

တရုတ်မှာဘတ်စ်ကားလိုင်းစပယ်ယာရှိကြပေမယ့် ပိုက်ဆံကောက်ဖို့တော့မဟုတ်ဘူး။ ခရီးသည်ကိုလိုအပ်တာကူညီဆောင်ရွက်ပေးနိုင်ဖို့ ဘတ်စ်ပေါ်လိုက်လာကြတာပါ။

အမျိုးသမီးစပယ်ယာများဟာယောကျ်ားစပယ်ယာထက်စာရင်ပိုပြီးကူညီလိုစိတ်ရှိကြပါတယ်။ ကြင်နာတတ်တယ်၊ ခရီးသည်ကိုပိုဖေးဖေးမမရှိတယ်။ အိန္ဒိယဘတ်စ်ကားလိုင်းမှာအမျိုးသမီးစပယ်ယာ ပိုမိုအသုံးပြုပါတယ်။

အရင်ခေတ် မြန်မာဘတ်စ်ကားလိုင်းများမှာခေါင်းလောင်းကြိုးပါဝင်ပါ။ ခေါင်းလောင်းက ဒရိုင်ဘာနားမှာ ချိတ်ထားတယ်။ လက်ဆော့ပြီးခေါင်းလောင်းကြိုးမဆွဲနဲ့၊ဒရိုင်ဘာက နောက်ကြည့်မှန်ကနေကြည့်နေတာ (အခုလည်း YBS တွေမှာခေါင်းလောင်းတွေပြန်ပါဝင်နေပါပြီ )

ရန်ကုန်ဘတ်စ်ကားပြေးဆွဲမှုမှာထင်ရှားတဲ့ပြောင်းလဲမှုတခုသတိထားမိတယ်။ မဆလ၊ နအဖ ခေတ်မှည မော်တော်ယာဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေး (မထသ) လက်အောက်ခံဘတ်စ်ကားလိုင်းပေါင်းစုံဟာ ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားကို ဘုံထားပြီး သူ့ထက်ငါဘုရားပတ်အပြိုင်မောင်းခဲ့ကြတယ်။

၂၀၁၅-၁၆ NLD အစိုးရလက်ထက် YBS ဘတ်စ်ကားအသစ်ပေါ်လာပြီးမြို့လယ်ဆူးလေဘုရားဗဟိုပြုအပြိုင်မောင်းစနစ်ပပျောက်သွားတယ်။ ခေတ်အဆက်ဆက်အော့ကြောလန်စပယ်ယာအုပ်စုလည်းချုပ်ငြိမ်းသွားခဲ့ရပါပေမယ့် ၂၀၂၁ နောက်ပိုင်းမှာတော့ YBS တွေပေါ်မှာ စပယ်ယာတွေ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

#Crd

စာရေးသူ လွင်ဦး (ရန်ကင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*