“(၈) လကြာ ပျောက်ဆုံးနေခဲ့တဲ့ ခွေးလေးနဲ့ ကံကောင်းတဲ့ သခင်”

“(၈) လကြာ ပျောက်ဆုံးနေခဲ့တဲ့ ခွေးလေးနဲ့ ကံကောင်းတဲ့ သခင်”


မိုးရွာနေချိန် ဆိုင်ရှေ့အမိုးအောက်မှာ ထိုင်နေတဲ့ ခွေးလေးတစ်ကောင်ရဲ့ TikTok ဗီဒီယိုက ပျံ့နှံ့သွားခဲ့ပြီး ၈ လကြာ ဝေးကွာနေတဲ့ သခင်နဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါတယ်။

မလေးရှားနိုင်ငံ ဆမ်ဘီလန်မြို့က ဆိုင်ရှေ့မှာ ခွေးလေးတစ်ကောင် ထိုင်နေတာကို ဂျင်ဂျင်မီလို့ အမည်ရတဲ့ TikTok အသုံးပြုသူက ဗီဒီယိုရိုက်ပြီး တင်ခဲ့တာပါ။

ဒီခွေးလေး သူ့ဆိုင်ရှေ့နားမှာ လာထိုင်နေတာ ၄ ရက်လောက်ရှိပြီလို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

အဲဒီဗီဒီယို ပျံ့နှံ့သွားပြီးနောက်မှာတော့ ခွေးလေးရဲ့ သခင်က ဒီဗီဒီယိုကို တွေ့သွားပြီး ခွေးလေးကို ပြန်ခေါ်သွားခဲ့တာပါ။

သူ့သခင်ကတော့ ဝါနီလို့ အမည်ရတဲ့ မိန်းကလေးပါ။ ဝါနီဟာ နာမကျန်းဖြစ်နေရာကနေ နလန်ထစအချိန်မှာ ခွေးလေးနဲ့ ပြန်ဆုံစည်းခွင့် ရခဲ့တာပါ။

 

ခွေးလေးကိုတော့ ဘိုင်ရာဗာလို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်မှာ ခွေးလေခွေးလွင့်ဖြစ်နေတဲ့ ခွေးသားပေါက်လေး ဘိုင်ရာဗာကို ဝါနီတို့ မိသားစုက မွေးခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*