
“အကြော်ခံဆီလို့ စျေးကွက်ကခေါ်နေကြတဲ့ ဖယောင်းပါတဲ့ ဆီကြမ်းတွေရဲ့ အန္တရာယ်”
စားသုံးသူနှင့် ဆီကြမ်းအန္တရာယ်
အကြော်ခံဆီလို့ စျေးကွက်ကခေါ်နေကြတဲ့ ပြည်ပက တင်သွင်းလာတဲ့ စားသုံးဆီတွေဟာ ဆီကြမ်းလို့ ခေါ်ဆိုရတဲ့ ဖယောင်းပါဝင်မှုတွေ ရှိတတ်ပါတယ်။
အကြော်ခံဆီ (စားအုန်းဆီ) ကို ဝယ်ရင် အများအားဖြင့် စျေးကိုပဲ စုံစမ်းပြီး စျေးတန်း အသက်သာဆုံးကို ရွေးချယ်ဝယ်ယူတတ်ကြတယ်ဟုတ်။
ဆီရဲ့ ကြည်လင်မှု ၊ အရောင်အသွေး ၊ ဆီကြမ်း ဟုတ်မဟုတ် သင်စစ်ပြီးမှ ဝယ်ယူပါရဲ့လားလို့ စာဖတ်ရင်း မေးခွန်း ပြန်ထုတ်စေချင်ပါတယ်။
ပုံးမှာကပ်နေတဲ့ အဖြူဖတ်လို အချပ်လေးတွေဟာ ဆီချေးတတ်တာရယ် ၊ ကန်ကထွက်လာတဲ့ဆီကို အထပ်ထပ် Filter တွေနဲ့ စစ်ထားခြင်း မရှိတဲ့ ဆီကြမ်းကို စားသုံးသူထံ တိုက်ရိုက်ရောင်းချခြင်း ဖြစ်ပါတယ်။
ဖယောင်းပါဝင်တဲ့ဆီကို စားသုံးမိရင် ကျန်းမာရေးအရ ဆိုးဝါးစွာ အန္တရာယ် ဖြစ်စေတတ်ပါတယ်။ ဆီခဲမှတ်မရောက်မီ ဆီအလွယ်တကူ ခဲခြင်း ၊ အရောင်အသွေး ပြောင်းခြင်း စတဲ့ မျက်စိနဲ့ ပကတိ မြင်ရတဲ့ မကောင်းချက်တွေ ဖြစ်နိုင်ပါတယ်။
Filter နဲ့ အထပ်ထပ် သန့်စင်ပြီးမှ ရလာတဲ့ စားသုံးဆီကို ရောင်းချပေးတဲ့ စိတ်ချယုံကြည်ရတဲ့ အရောင်းဆိုင်များထံသာ ဝယ်ယူသင့်ပါကြောင်းနှင့် နောက်ခါ စျေးစုံစမ်းရင် အဓိက အချက်ဖြစ်တဲ့ ဆီအရည်အသွေးနဲ့ အရောင်ကို သေချာ စူးစမ်းဖို့ လိုကြောင်း အကျဉ်းရေးသားဖော်ပြအပ်ပါတယ်။
နောက်ပြီးတော့ စားအုန်းဆီ သုံး ပီပါကို အနံ့မပါ ချွတ်ဆေးမှုန့်နဲ့ ချွတ်၊
ရလာတဲ့အနံ့မဲ့ဆီကို မြေပဲဆီ တစ် ပီပါနဲ့ရော အပူပေး မော်တာနဲ့မွှေ၊ အိန္ဒိယကလာတဲ့ မြေပဲဆီအနံ့နဲ့ထပ်ရော၊ 100% မြေပဲဆီစစ်စစ် ဆိုပြီးရောင်း……
လုပ်ခဲ့သမျှ၊ ဘတ်ခဲ့သမျှ၊ စားသုံးသူရောဂါဖြစ်ခဲ့သမျှ အပြစ်တွေကို အလှူလုပ်ပြီး ပြန်ချေတဲ့ အဖွဲ့ကလည်း သပ်သပ်ရှိပါသေးတယ်
Credit- uploader
Photo- Credit
Leave a Reply