ဒူး ၊ တံေတာင္ မည္းေနသူမ်ားအတြက္ တစ္ပါတ္အတြင္း ထိေရာက္စြာ သက္သာေစမယ့္ နည္းလမ္းေကာင္း

ဒူး ၊ တံေတာင္ မည္းေနသူမ်ားအတြက္ တစ္ပါတ္အတြင္း ထိေရာက္စြာ သက္သာေစမယ့္ နည္းလမ္းေကာင္း

မိန္းကေလး အမ်ားစုမွာ ဒူးမည္း တဲ့ျပႆနာ ၊ တံေတာင္ဆစ္ မည္းတဲ့ ျပႆနာမ်ိဳးေတြ ရွိတတ္ပါတယ္။ဒီလိုျဖစ္ေနရင္ လက္ျပတ္ ဝတ္တဲ့အခါ ၊ စကတ္တို ေဘာင္းဘီတို ဝတ္တဲ့ အခါမ်ိဳးမွာ အသားမညီဘဲ အလြန္ၾကည့္ရ ဆိုးေစပါတယ္ ။
အခု ဒီလိုျပႆနာေတြကို တစ္ပါတ္အတြင္း ထိထိ ေရာက္ေရာက္ ေျဖရွင္းေပးမယ့္ အလြယ္ဆံုး နည္းလမး္ ၂ခု ကို ေျပာျပခ်င္ပါတယ္။

၁။ သံပုယိုသီး (Lemon)

သံပုယိုသီးဟာ အသားအေရကို ၾကည္လင္ျဖဴဝင္းေစတဲ့ သဘာဝပစၥည္း တစ္မ်ိဳးပါ။သံပုယိုသီးမွာ ပါဝင္တဲ့ citric acid က အသားအေရ မည္းညစ္မႈကို အေရာင္ခြ်တ္ေပးနိုင္ျပီးအသားအေရကို ပိုမိုျဖဴဝင္းေစနိုင္တဲ့အစြမ္း ရွိပါတယ္။

ျပဳလုပ္နည္း

ပထမဦးဆံုး သံပုယိုသီးကို နွစ္ျခမ္းခြဲပါ ။ အေအးခံ ထားတဲ့ သံပုယိုသီးျဖစ္လွ်င္ ပိုေကာင္း ပါတယ္။ျပီးလွ်င္ သံပုယိုသီးျခမ္းကို မုန္႔ဖုတ္ဆိုဒါ ( baking soda) အနည္းငယ္ သုတ္၍ မည္းေနေသာ တံေတာင္ ၊ ဒူးေပၚကို တစ္မိနစ္ခန္႔ ႔ပြတ္ေပးပါ ။

ေနာက္ထပ္ ၁၅ မိနစ္ခန္႔ၾကာလွ်င္ ေရေႏြးေႏြးေလး နွင့္ ေဆးခ်ပါ။မွတ္ထားရမွာက သံပုယိုရည္ေၾကာင့္ အသားအေရေျခာက္ေသြ႕မႈ ျဖစ္ေစနိုင္သျဖင့္ ေရေႏြးျဖင့္ ေဆးေၾကာျပီးလွ်င္ အစိုဓါတ္ ထိမ္းသိမ္းေပးရန္ သံလြင္ဆီ(သို႔မဟုတ္)အုန္းဆီ လိမ္းေပးရန္ လိုအပ္ပါသည္။

ထိုနည္းလမ္းအတိုင္း တံေတာင္မည္း ၊ ဒူးမည္းျခင္းတို႔ သက္သာအထိ ျပဳလုပ္ေပးပါ။

၂။ သၾကား (Sugar)

သၾကားသည္ အသားအေရကို အစိုဓါတ္ ထိန္းသိမ္းျခင္းနွင့္ ဆဲလ္ေသမ်ား ဖယ္ရွားေပးျခင္းတို႔ကို လုပ္ေဆာင္ ေပးနိုင္သည့္ သဘာဝအစြမ္းထက္ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

ဆဲလ္ေသမ်ားကို ဖယ္ရွား ေပးျခင္းအျပင္ အသားအေရၾကမ္းျခင္းကို ရွင္းလင္း ေပးနိုင္၍ နူးညံေပ်ာ့ေျပာင္း ေစနိုင္ေသာ အစြမ္းသတၱိလည္း ပါဝင္ပါသည္ ။ နည္းလမ္းကလည္း အလြန္ လြယ္ကူပါတယ္။

ျပဳလုပ္ရန္

သၾကားနွင့္ သံလြင္ဆီကို ေရာစပ္ျပီး သပြတ္အူေပၚတြင္တင္ကာ မည္းညစ္ေနေသာ ေနရာေပၚသို႔ ၃ မိနစ္မွ ၅ မိနစ္ခန္႔အထိ ေၾကးခြ်တ္ေပးရမွာျဖစ္ပါတယ္။

Scrub လုပ္သလိုမ်ိဳးပဲ ျဖစ္ပါတယ္။ သပြတ္အူမရိွလွ်င္ ေရခ်ိဳးရင္းအသံုးျပဳေလရွိေသာ ေခ်းတြန္းပစၥည္းေလးေတြကို အသံုးျပဳနိုင္ပါတယ္။ ထိုနည္းလမ္းအတိုင္း ေန႔စဥ္ ေရမခ်ိဳးခင္ ျပဳလုပ္ေပးပါ ။

ဒူး ၊ တံတောင် မည်းနေသူများအတွက် တစ်ပါတ်အတွင်း ထိရောက်စွာ သက်သာစေမယ့် နည်းလမ်းကောင်း

မိန်းကလေး အများစုမှာ ဒူးမည်း တဲ့ပြဿနာ ၊ တံတောင်ဆစ် မည်းတဲ့ ပြဿနာမျိုးတွေ ရှိတတ်ပါတယ်။ဒီလိုဖြစ်နေရင် လက်ပြတ် ဝတ်တဲ့အခါ ၊ စကတ်တို ဘောင်းဘီတို ဝတ်တဲ့ အခါမျိုးမှာ အသားမညီဘဲ အလွန်ကြည့်ရ ဆိုးစေပါတယ် ။
အခု ဒီလိုပြဿနာတွေကို တစ်ပါတ်အတွင်း ထိထိ ရောက်ရောက် ဖြေရှင်းပေးမယ့် အလွယ်ဆုံး နည်းလမ်း ၂ခု ကို ပြောပြချင်ပါတယ်။

၁။ သံပုယိုသီး (Lemon)

သံပုယိုသီးဟာ အသားအရေကို ကြည်လင်ဖြူဝင်းစေတဲ့ သဘာဝပစ္စည်း တစ်မျိုးပါ။သံပုယိုသီးမှာ ပါဝင်တဲ့ citric acid က အသားအရေ မည်းညစ်မှုကို အရောင်ချွတ်ပေးနိုင်ပြီးအသားအရေကို ပိုမိုဖြူဝင်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။

ပြုလုပ်နည်း

ပထမဦးဆုံး သံပုယိုသီးကို နှစ်ခြမ်းခွဲပါ ။ အအေးခံ ထားတဲ့ သံပုယိုသီးဖြစ်လျှင် ပိုကောင်း ပါတယ်။ပြီးလျှင် သံပုယိုသီးခြမ်းကို မုန့်ဖုတ်ဆိုဒါ ( baking soda) အနည်းငယ် သုတ်၍ မည်းနေသော တံတောင် ၊ ဒူးပေါ်ကို တစ်မိနစ်ခန့့်ပွတ်ပေးပါ ။

နောက်ထပ် ၁၅ မိနစ်ခန့်ကြာလျှင် ရေနွေးနွေးလေး နှင့် ဆေးချပါ။မှတ်ထားရမှာက သံပုယိုရည်ကြောင့် အသားအရေခြောက်သွေ့မှု ဖြစ်စေနိုင်သဖြင့် ရေနွေးဖြင့် ဆေးကြောပြီးလျှင် အစိုဓါတ် ထိမ်းသိမ်းပေးရန် သံလွင်ဆီ(သို့မဟုတ်)အုန်းဆီ လိမ်းပေးရန် လိုအပ်ပါသည်။

ထိုနည်းလမ်းအတိုင်း တံတောင်မည်း ၊ ဒူးမည်းခြင်းတို့ သက်သာအထိ ပြုလုပ်ပေးပါ။

၂။ သကြား (Sugar)

သကြားသည် အသားအရေကို အစိုဓါတ် ထိန်းသိမ်းခြင်းနှင့် ဆဲလ်သေများ ဖယ်ရှားပေးခြင်းတို့ကို လုပ်ဆောင် ပေးနိုင်သည့် သဘာဝအစွမ်းထက် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ဆဲလ်သေများကို ဖယ်ရှား ပေးခြင်းအပြင် အသားအရေကြမ်းခြင်းကို ရှင်းလင်း ပေးနိုင်၍ နူးညံပျော့ပြောင်း စေနိုင်သော အစွမ်းသတ္တိလည်း ပါဝင်ပါသည် ။ နည်းလမ်းကလည်း အလွန် လွယ်ကူပါတယ်။

ပြုလုပ်ရန်

သကြားနှင့် သံလွင်ဆီကို ရောစပ်ပြီး သပွတ်အူပေါ်တွင်တင်ကာ မည်းညစ်နေသော နေရာပေါ်သို့ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ကြေးချွတ်ပေးရမှာဖြစ်ပါတယ်။

Scrub လုပ်သလိုမျိုးပဲ ဖြစ်ပါတယ်။ သပွတ်အူမရှိလျှင် ရေချိုးရင်းအသုံးပြုလေရှိသော ချေးတွန်းပစ္စည်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ ထိုနည်းလမ်းအတိုင်း နေ့စဉ် ရေမချိုးခင် ပြုလုပ်ပေးပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*