ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်

ဆံပင်က ဒုတိယ မျက်နှာ ဆိုတာ လူတိုင်း သိပြီး သားဖြစ် မှာပါ။ ဆံပင်ပုံစံက ကိုယ်နဲ့ မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိ ပါပဲ။ ဆံပင် အရှည်ထား ချင်ပေမယ့် စိတ်မရှည်တဲ့ သူတွေ အနေနဲ့ တစ်လအတွင်း ဆံပင်ရှည် လွယ်ပြီးတောက်ပြောင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

(၁) မကြာခဏအဖျားတိပေးပါ

ဆံပင်အဖျားလေးတွေကို မကြာခဏ တိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့ အစိတ်အပိုင်းတွေ ကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့ အတွက် ဆံပင်ကို ကျန်းမာတောက်ပြောင်တဲ့ အသွင် မျိုးဖြစ်စေပါတယ်။

(၂) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေး တာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင် ကာကွယ်ပေးပြီး ဆံပင် ပိုရှည်အောင် အားပေး ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေး ကိုမဖြစ်မနေ သုံးပေးပါ။

(၃) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ

ဆံပင်ရှည်လွယ်ချင် သူတွေ အနေနဲ့ သဘာဝ အသီးအနှံတွေ နဲ့ပေါင်းတင်တဲ့ နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီ တစ်လုံးကို အတုံးလေးတွေဖြစ်အောင်ကြိတ်ပြီး အရည်ညှစ်ပါ။

ရလာတဲ့အရည်ကို သံလွင်ဆီ အနည်းငယ် နဲ့ရောပြီး ဦးရေပြားနဲ ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေး လိုက်ပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာ ရှည်လာ တာကို တွေ့ရ ပါလိမ့်မယ်။

(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ

ဆံပင်ရှည် လွယ်ချင် သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက် အပူ မထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့ အခါ တဘက်နဲ့ရေစင်အောင် သုတ်ပြီး သဘာဝအ တိုင်း အခြောက်ခံတာက အကောင်းဆုံးပ ါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို သေသေချာချာ လိုက်နာပြီး လုပ်ပေးမယ် ဆိုရင် တစ်လအတွင်းဆံပင်အရှည်မြန်လာတာကို တွေ့ရ ပါလိမ့်မယ်။

ဆံပင္အရွည္ေႏွးလို႔စိတ္ညစ္ေနသူေတြအတြက္ တစ္လအတြင္းသိသိသာသာဆံပင္ရွည္လာေအာင္

ဆံပင္က ဒုတိယ မ်က္ႏွာ ဆိုတာ လူတိုင္း သိၿပီး သားျဖစ္ မွာပါ။ ဆံပင္ပုံစံက ကိုယ္နဲ႔ မလိုက္ရင္ လုံးဝမလွတာလည္း အားလုံးအသိ ပါပဲ။ ဆံပင္ အရွည္ထား ခ်င္ေပမယ့္ စိတ္မရွည္တဲ့ သူေတြ အေနနဲ႔ တစ္လအတြင္း ဆံပင္ရွည္ လြယ္ၿပီးေတာက္ေျပာင္ေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပး လိုက္ပါတယ္။

(၁) မၾကာခဏအဖ်ားတိေပးပါ

ဆံပင္အဖ်ားေလးေတြကို မၾကာခဏ တိေပးတာက ဆံပင္ရဲ႕မက်န္းမာတဲ့ အစိတ္အပိုင္းေတြ ကိုဖယ္ထုတ္လိုက္တာျဖစ္တဲ့ အတြက္ ဆံပင္ကို က်န္းမာေတာက္ေျပာင္တဲ့ အသြင္ မ်ိဳးျဖစ္ေစပါတယ္။

(၂) ေခါင္းေလွ်ာ္တိုင္းေပါင္းေဆးသုံးေပးပါ

ေခါင္းေလွ်ာ္တိုင္းဆံပင္ေပါင္းေဆးသုံးေပး တာက ဆံသားေျခာက္ေသြ႕တာ၊ ဆံပင္ေတြညႇိၿပီးျပတ္တာေတြမျဖစ္ေအာင္ ကာကြယ္ေပးၿပီး ဆံပင္ ပိုရွည္ေအာင္ အားေပး ပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္တိုင္းဆံပင္ေပါင္းေဆး ကိုမျဖစ္မေန သုံးေပးပါ။

(၃) သဘာဝအသီးအႏွံေတြနဲ႔ေပါင္းတင္ပါ

ဆံပင္ရွည္လြယ္ခ်င္ သူေတြ အေနနဲ႔ သဘာဝ အသီးအႏွံေတြ နဲ႔ေပါင္းတင္တဲ့ နည္းလမ္းေတြကို သုံးေပးသင့္ပါတယ္။ ၾကက္သြန္နီ တစ္လုံးကို အတုံးေလးေတြျဖစ္ေအာင္ႀကိတ္ၿပီး အရည္ညႇစ္ပါ။

ရလာတဲ့အရည္ကို သံလြင္ဆီ အနည္းငယ္ နဲ႔ေရာၿပီး ဦးေရျပားနဲ ့ဆံပင္အႏွံ႔႐ႊဲေနေအာင္လိမ္းေပးကာ နာရီဝက္ေလာက္ၾကာရင္ ေခါင္းေလွ်ာ္ေပး လိုက္ပါ။ ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္လုပ္ေပးရင္ တစ္လၾကာတဲ့အခါ ဆံပင္သိသိသာသာ ရွည္လာ တာကို ေတြ႕ရ ပါလိမ့္မယ္။

(၄) သဘာဝအတိုင္းအေျခာက္ခံတဲ့နည္းကိုသုံးပါ

ဆံပင္ရွည္ လြယ္ခ်င္ သူေတြက ဆံပင္နဲ႔ဦးေရျပားကို တတ္ႏိုင္သေလာက္ အပူ မထိေအာင္ ထိန္းသိမ္းသင့္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့ အခါ တဘက္နဲ႔ေရစင္ေအာင္ သုတ္ၿပီး သဘာဝအ တိုင္း အေျခာက္ခံတာက အေကာင္းဆုံးပ ါ။

အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြကို ေသေသခ်ာခ်ာ လိုက္နာၿပီး လုပ္ေပးမယ္ ဆိုရင္ တစ္လအတြင္းဆံပင္အရွည္ျမန္လာတာကို ေတြ႕ရ ပါလိမ့္မယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*