
အသားညိုမည်း သူများအတွက် 100 ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ အသားဖြူ နည်း
အသားဖြူ ဆေးတွေသောက်တာက တကယ်ရောဖြူရဲ့လား ၊ ဘေးရောကင်းရဲ့လား ၊ လိုးရှင်းတွေကရော အမှန်တကယ် ဖြူ လာရဲ့လား ???
နေရောင်ခြည်ဒဏ်ကိုခံရခြင်း ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးအခြေအနေ၊ အသားခြောက်ခြင်း ၊ စိတ်ဖိစီးမှု၊လူနေမှုပုံစံမှားယွင်းခြင်းဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းတို့ကြောင့် အသားညိုမည်းခြင်းကို ဖြစ်လာစေပါတယ်။
အသားဖြူ ချင်လို့ နည်းလမ်းများစွာသုံးပြီး ပြုလုပ်နေကြပေမယ့် အမှန်တကယ် ထိရောက်မှုရှိရဲ့လား၊ ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကိုတော့ သေချာမဖြေနိုင်ကြပါဘူး။ ဒ့ါအပြင် အချို့နည်းလမ်းတွေကလည်း ငွေကုန်ကြေးကြများတဲ့အတွက် လူတိုင်းမတတ်နိုင်ကြပါဘူး။
ဒါ့ကြောင့် ဘေးကင်းပြီး ထိရောက်တဲ့ အသားဖြူနည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။ဒီနည်လမ်းကို အပိုင်း ၂ပိုင်းခွဲပြီး လုပ်ရမှာပါ။ ပထမအပိုင်းမှာတော့ scrub လုပ်ရမှာဖြစ်ပါတယ်။ပထမဦးစွာ scrub လုပ်ရန်အတွက်ပန်းကန်လုံးတစ်ခုထဲသို့ သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့် ထည့်ပါ။ပြီးနောက် စန္ဒကူးပေါင်ဒါမှုန့်ကို ၁ဇွန်းထည့်ပြီး မွှေပါ။ထို့နောက် ခရမ်းချဉ်သီးကို အဝိုင်းပုံလှီးပြီး ထိုအမှုန့်ထဲသို့ နှစ်လိုက်ပါ။ထိုခရမ်းချဉ်သီးဖြင့် ကိုယ်ဖြူချင်တဲ့ လက် ၊ခြေ ၊မျက်နှာ ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ပွတ်ပေးပါ။
ပွတ်တဲ့အခါ အနည်းငယ်ဖိပြီး ပွတ်ပေးပါ။သို့မှသာ ခရမ်းချဉ်သီးအရည် ထွက်လာမှာ ဖြစ်ပါတယ်။ ၅မိနစ် ၊ ၁၀မိနစ်ခန့်ကြာအောင် ပွတ်ပြီလျှင် ရေဖြင့်စင်ကြယ်အောင် ဆေးကြောပါ။ပြီးလျှင် ခြောက်သွေ့အောင် သုတ်လိုက်ပါ။ ဒါဆိုရင်တော့ scrub လုပ်တဲ့အပိုင်း ပြီးပါပြီ။အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ ၊ ချေးတွေ ကင်းစင်သွားပြီဖြစ်လို့ အသားအရေက သန့်စင်ကြည်လင်သွားပါပြီ။ဒါဆိုရင်တော့ ဖြူအောင်လုပ်ရမယ့် အပိုင်းလေး ရောက်လာပါပြီ။
ပထမဆုံး အာလူးကို အခွံခွာပြီးရေဆေးကာ ခြစ်စက်ဖြင့် ခြစ်ပါ။ ထိုအာလူးခြစ်များကို ဖိပြီး အရည်ထွက်အောင် ပြုလုပ်ပါ။
ထို့နောက် ပန်းကန်လုံးထဲသို့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ဇွန်း ထည့်ပါ။ အရည်ညှစ်ထားသော အာလူးရည်ကို ၄ဇွန်းထည့်ပါ။
ထို့နောက် ပျားရည် ၁ဇွန်းနှင့် သံပုယိုရည် ၃ဇွန်းထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အရေပြားပေါ်သို့ သုတ်လိမ်းပြီး မိနစ် ၃၀ကြာအောင် ထားလိုက်ပါပြီးနောက်တွင်တော့ ၅မိနစ်ခန့် နှိပ်ပေးပြီး သန့်စင်အောင် ဆေးကြောကာ ဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။
ဒီနည်းကို တစ်ပါတ်လျှင်၂ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။(ပါဝင်ပစ္စည်းများ ၏ ပမာဏအချိုးအဆကို မိမိသုံးမယ့်အနေအထားအလိုက် ချိန်ဆနိုင်ပါသည် )..
Credit
Leave a Reply