
စိတ်ကို ကျွဲထိန်းသလို ထိန်းပါ (တန်ဖိုးရှိတဲ့စကားလေး)
တစ်ခါတော့ ..မြစ်ဝကျွန်းပေါ် ဒေသ တစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက် စိုက်ပျိုးကြရလေ၏။
ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏။ဆရာတော်သည် .. ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။
“ဒကာကြီး .. ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား” “တစ်ခါတလေတော့ ရန်မူတယ် ဘုရား၊ တလောက ဟိုဘက်ရွာကေ တာင်သူတစ်ယောက် ကျွဲခတ် လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလားဘုရား”
“အိုး… ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ်များတာပဲ” “ဒါက ဖြစ်ခဲ ပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက် လို့ပါ”“ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက် ထားလို့လား”
“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိ တယ်ဘုရား” “ဒကာကြီးတို ့နည်းက ဘုန်းကြီးတို့ လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ဘယ်လို ထိန်းတာလဲ”
“အလုပ်နဲ့ ထိန်းတာပါဘုရား လယ်ချိန် လယ်ထွန်တယ်၊ ယာချိန် ယာထွန်တယ်၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင်ထင်း လိုက်တယ်ဘုရား …”
“အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာ ပေါ့ဘုရား …။ ဒေါသဖြစ် ချိန်ကို မပေးတော့ဘူ းဘုရား”
“အို… ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက .. ဘုန်းကြီး အတွက်တော့ တရားတစ်ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ်မထားဘူး အမြဲခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့”
“ဒါကြောင့် ..ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့။ စိတ်ဆိုတာ … မကောင်းတဲ့ ဘက်မှာ ပျော်တာ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော… အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”crd
Leave a Reply