1.10.2023 နေ့ မုန်တိုင်းသတင်းနှင့် မိုးလေဝသအခြေအနေ

1.10.2023 နေ့ မုန်တိုင်းသတင်းနှင့် မိုးလေဝသအခြေအနေ

တောင်တရုတ်ပင်လယ်အတွင်းမှာ မုန်တိုင်းဟာဆိုရင် မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ဘင်္ဂလားပင်အော်မှတဆင့် အိန္ဒိယနိုင်ငံကို ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့မှာတော့ မုန်တိုင်းနဲ့ မြန်မာနိုင်ငံ အလှမ်းဝေးသွားပေမယ့် မုန်တိုင်းမှဆွဲယူလိုက်တဲ့ လေစီးကြောင်းဟာ မြန်မာနိုင်ငံအပေါ် များစွာအားကောင်းနေတဲ့အချိန်ဖြစ်ပါတယ်။

မုန်တိုင်းလေစီးကြောင်းနဲ့အတူ မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသများဖြစ်ကြတဲ့ တနင်္သာရီ မွန်ပြည်နယ် ကယားပြည်နယ် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှု့ဆက်လက်အားကောင်းနေအုံးမယ်လို့ ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြားမိုးရွာသွန်းမှာဖြစ်ပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်းမှာပဲ တောင်တရုတ်ပင်လယ်မှာ အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အနောက်ဘက်ကို ဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံကို ရောက်မရောက်တော့ ခန့်မှန်းဖို့စောလွန်းနေပါတယ်ခမျာ။ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေခမျာ

Be the first to comment

Leave a Reply

Your email address will not be published.


*