လန္းဆန္းတက္ၾကြတဲ့ေန႔ရက္ေတြပိုင္ဆုိင္ဖို႔ (၉) နာရီေနာက္ပိုင္းလုပ္ရမယ့္အခ်က္မ်ား

လန္းဆန္းတက္ၾကြတဲ့ေန႔ရက္ေတြပိုင္ဆုိင္ဖို႔ (၉) နာရီေနာက္ပိုင္းလုပ္ရမယ့္အခ်က္မ်ား

မနက္မိုးလင္းလို႔အိပ္ေရးမဝသလိုခံစားရတာေတြ အလုပ္သြားဖို႔စိတ္မပါသလိုျဖစ္ရတာေတြဟာ ညမအိပ္ခင္မွာသင္လုပ္ေဆာင္ေနတဲ့အျပဳအမူေတြေၾကာင့္ဆိုတာသင္သိပါသလား။ တကယ္လို႔ေနာက္တစ္ရက္မွာ လန္းဆန္းတက္ၾကြစြာနဲ႔အလုပ္ကိုေက်ာင္းကို သြားခ်င္တယ္ဆိုရင္ေတာ့ မအိပ္ခင္ည (၉) နာရီေနာက္ပို္င္းမွာေအာက္ပါအခ်က္ေတြကိုလုပ္ေဆာင္ေပးပါ။

(၁) အင္တာနက္ကိုပိတ္လိုက္ပါ

ည(၉)နာရီေနာက္ပိုင္းအထိ သင့္ရဲ႕အလုပ္ E-mail ေတြ Social media က My day ေတြကိုဝင္ၾကည့္ေနတုန္းလား။ မလုပ္သင့္တဲ့အျပဳအမူေတြထဲမွာထိပ္ဆံုးကပါပဲ။

(၂) တစ္ေန႔တာလုပ္ေဆာင္ခ်က္ေတြကိုအဆံုးသတ္ပါ

တစ္ေန႔တာအတြက္မျဖစ္မေနလုပ္ရမယ့္အရာေတြရွိေနရင္ ဒီအခ်ိန္မွစတင္ျပီးအျပီးလုပ္ေဆာင္ပါ။ မေဆးဘဲထားထားတဲ့ပန္းကန္ေတြ ေနာက္တစ္ရက္အတြက္ဝတ္ဆင္ရမယ့္ အဝတ္အစားေတြ ေနာက္ရက္အတြက္ေန႕လည္စာျပင္ဆင္ဖု႔ိရန္ေတြကိုအျပီးသတ္လုပ္ေဆာင္လုိက္ပါ။

(၃) သင္ခ်စ္ရတဲ့သူအတြက္အခ်ိန္ေပးပါ

တစ္ေန႕တာလံုးအလုပ္ေတြ လူမႈေရးကိစၥေတြနဲ႕သင္ခ်စ္တဲ့သူကိုအခ်ိန္ေပးဖုိ႔အတြက္ ေမ့ေနခဲ့ရင္ေတာ့ ဒီအခ်ိန္မွာသင္ခ်စ္ရတဲ့နဲ႕အတူတူအခ်ိန္ကုန္ဆံုးဖို႔မေမ့ပါနဲ႕။ သင္ခ်စ္ရတဲ့သူဆိုတာသင့္ခ်စ္သူလဲျဖစ္နုိင္သလို သင့္မိဘဒါမွမဟုတ္ သင္ေမြးထားတဲ့အိမ္ေမြးေၾကာင္ေလးလဲ ျဖစ္နုိင္ပါတယ္။ ဘဝဆိုတာတကယ့္ကို အခ်ိန္တုိတိုေလးမုိ႔ကိုယ္ခ်စ္ရတဲ့သူဘယ့္သူကိုပဲျဖစ္ျဖစ္ အခ်ိန္ေပးဖုိ႔မေမ့နုဲ႕ေနာ္။

(၄) အသားအေရကို Take care လုပ္ဖို႔လဲမေမ့နဲ႕ေနာ္

ပင္ပန္းႏြမ္းနယ္ေနတဲ့အသားအေရကိုအိပ္ခါနီးအခ်ိန္မွာ Relax လုပ္ေပးဖို႔လုိတယ္ေနာ္ မ်က္နွာတစ္ခုတည္းအတြက္မဟုတ္ဘဲ ခႏၱာကိုယ္အသားအေရအတြက္ပါ ဂရုစိုက္ဖို႔လဲမေမ့နဲ႕ေနာ္။

(၅) အစားစားဖို႔စဥ္းစားေနတာကိုရပ္လုိက္ပါ

ည (၉) နာရီေနာက္ပိုင္းဟာအစားစားဖုိ႔ သင့္ေတာ္တဲ့အခ်ိန္လံုးဝမဟုတ္ေတာ့ပါဘူး အဲ့ဒီအခ်ိန္မွာစားလုိက္ရင္ ခႏၱာကိုယ္အေလးခ်ိန္လဲတုိးလာနုိင္သလို အစာမေၾကတာေတြလဲျဖစ္နုိင္တာေၾကာင့္ အိပ္စက္ျခင္းကိုအေနွာင့္အယွက္ေပးေနပါလိမ့္မယ္။

(၆) ဒိုင္ယာရီေရးဖုိ႔သင့္ေတာ္တဲ့အခ်ိန္ပါ

သင္တစ္ေန႕တာၾကံဳေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္ေတြထဲက မွတ္သားထားရမယ့္ဟာမ်ိဳး ဒါမွမဟုတ္ထူးျခားျဖစ္စဥ္လိုအရာမ်ိဳးေတြကို သင့္ဒိုင္ယာရီထဲမွာ ခ်ေရးထားတာဟာ ေနာက္တစ္ခ်ိန္အတြက္အမွတ္တရျဖစ္ေစမွာပါ။ ဒါအျပင္ေနာက္ရက္အတြက္သင္လုပ္ေဆာင္ရမယ့္အရာေတြကိုလဲ ၾကိဳတင္ျပီး Plan ခ်မွတ္ထားမယ္ဆုိရင္ ေမ့ေရာ့ျပီးက်န္ခဲ့တာမ်ိဳးမျဖစ္ေတာ့ဘူးေပါ့။

(၇) အိပ္စက္ဖို႔အတြက္အခ်ိန္ေရာက္ပါျပီ

အရြယ္ေရာက္ျပီသူ (၁၈) နွစ္အထက္အရြယ္လူတုိင္းအတြက္ ၇ နာရီကေန ၉ နာရီေလာက္အထိအိပ္စက္ဖုိ႔ အခ်ိန္လိုအပ္ပါတယ္တဲ့။ လံုေလာက္တဲ့အိပ္စက္ခ်ိန္မရွိတဲ့အခါၾကံဳေတြ႔လာနုိင္တဲ့ ဆုိက်ိဳးေတြကိုလဲ လူေတာ္ေတာ္မ်ားမ်ာသိမွာပါ။ ေမ့ေရာ့တတ္လာတာေတြ ဝိတ္တက္လာတာေတြ ေခါင္းကိုက္တာေတြ အသားအေရျပသနာေတြအမ်ားၾကီးပါပဲ။ အဲ့ဒါေၾကာင့္လံုေလာက္တဲ့အိပ္စက္ခ်ိန္ရွိဖုိ႔လဲ ဂရုစို္က္ဖို့မေမ့ပါနဲ႕။

လန်းဆန်းတက်ကြွတဲ့နေ့ရက်တွေပိုင်ဆိုင်ဖို့ (၉) နာရီနောက်ပိုင်းလုပ်ရမယ့်အချက်များ

မနက်မိုးလင်းလို့အိပ်ရေးမဝသလိုခံစားရတာတွေ အလုပ်သွားဖို့စိတ်မပါသလိုဖြစ်ရတာတွေဟာ ညမအိပ်ခင်မှာသင်လုပ်ဆောင်နေတဲ့အပြုအမူတွေကြောင့်ဆိုတာသင်သိပါသလား။ တကယ်လို့နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့အလုပ်ကိုကျောင်းကို သွားချင်တယ်ဆိုရင်တော့ မအိပ်ခင်ည (၉) နာရီနောက်ပိုင်းမှာအောက်ပါအချက်တွေကိုလုပ်ဆောင်ပေးပါ။

(၁) အင်တာနက်ကိုပိတ်လိုက်ပါ

ည(၉)နာရီနောက်ပိုင်းအထိ သင့်ရဲ့အလုပ် E-mail တွေ Social media က My day တွေကိုဝင်ကြည့်နေတုန်းလား။ မလုပ်သင့်တဲ့အပြုအမူတွေထဲမှာထိပ်ဆုံးကပါပဲ။

(၂) တစ်နေ့တာလုပ်ဆောင်ချက်တွေကိုအဆုံးသတ်ပါ

တစ်နေ့တာအတွက်မဖြစ်မနေလုပ်ရမယ့်အရာတွေရှိနေရင် ဒီအချိန်မှစတင်ပြီးအပြီးလုပ်ဆောင်ပါ။ မဆေးဘဲထားထားတဲ့ပန်းကန်တွေ နောက်တစ်ရက်အတွက်ဝတ်ဆင်ရမယ့် အဝတ်အစားတွေ နောက်ရက်အတွက်နေ့လည်စာပြင်ဆင်ဖု့ိရန်တွေကိုအပြီးသတ်လုပ်ဆောင်လိုက်ပါ။

(၃) သင်ချစ်ရတဲ့သူအတွက်အချိန်ပေးပါ

တစ်နေ့တာလုံးအလုပ်တွေ လူမှုရေးကိစ္စတွေနဲ့သင်ချစ်တဲ့သူကိုအချိန်ပေးဖို့အတွက် မေ့နေခဲ့ရင်တော့ ဒီအချိန်မှာသင်ချစ်ရတဲ့နဲ့အတူတူအချိန်ကုန်ဆုံးဖို့မမေ့ပါနဲ့။ သင်ချစ်ရတဲ့သူဆိုတာသင့်ချစ်သူလဲဖြစ်နိုင်သလို သင့်မိဘဒါမှမဟုတ် သင်မွေးထားတဲ့အိမ်မွေးကြောင်လေးလဲ ဖြစ်နိုင်ပါတယ်။ ဘဝဆိုတာတကယ့်ကို အချိန်တိုတိုလေးမို့ကိုယ်ချစ်ရတဲ့သူဘယ့်သူကိုပဲဖြစ်ဖြစ် အချိန်ပေးဖို့မမေ့နုဲ့နော်။

(၄) အသားအရေကို Take care လုပ်ဖို့လဲမမေ့နဲ့နော်

ပင်ပန်းနွမ်းနယ်နေတဲ့အသားအရေကိုအိပ်ခါနီးအချိန်မှာ Relax လုပ်ပေးဖို့လိုတယ်နော် မျက်နှာတစ်ခုတည်းအတွက်မဟုတ်ဘဲ ခန္တာကိုယ်အသားအရေအတွက်ပါ ဂရုစိုက်ဖို့လဲမမေ့နဲ့နော်။

(၅) အစားစားဖို့စဉ်းစားနေတာကိုရပ်လိုက်ပါ

ည (၉) နာရီနောက်ပိုင်းဟာအစားစားဖို့ သင့်တော်တဲ့အချိန်လုံးဝမဟုတ်တော့ပါဘူး အဲ့ဒီအချိန်မှာစားလိုက်ရင် ခန္တာကိုယ်အလေးချိန်လဲတိုးလာနိုင်သလို အစာမကြေတာတွေလဲဖြစ်နိုင်တာကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ပေးနေပါလိမ့်မယ်။

(၆) ဒိုင်ယာရီရေးဖို့သင့်တော်တဲ့အချိန်ပါ

သင်တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေထဲက မှတ်သားထားရမယ့်ဟာမျိုး ဒါမှမဟုတ်ထူးခြားဖြစ်စဉ်လိုအရာမျိုးတွေကို သင့်ဒိုင်ယာရီထဲမှာ ချရေးထားတာဟာ နောက်တစ်ချိန်အတွက်အမှတ်တရဖြစ်စေမှာပါ။ ဒါအပြင်နောက်ရက်အတွက်သင်လုပ်ဆောင်ရမယ့်အရာတွေကိုလဲ ကြိုတင်ပြီး Plan ချမှတ်ထားမယ်ဆိုရင် မေ့ရော့ပြီးကျန်ခဲ့တာမျိုးမဖြစ်တော့ဘူးပေါ့။

(၇) အိပ်စက်ဖို့အတွက်အချိန်ရောက်ပါပြီ

အရွယ်ရောက်ပြီသူ (၁၈) နှစ်အထက်အရွယ်လူတိုင်းအတွက် ၇ နာရီကနေ ၉ နာရီလောက်အထိအိပ်စက်ဖို့ အချိန်လိုအပ်ပါတယ်တဲ့။ လုံလောက်တဲ့အိပ်စက်ချိန်မရှိတဲ့အခါကြုံတွေ့လာနိုင်တဲ့ ဆိုကျိုးတွေကိုလဲ လူတော်တော်များမျာသိမှာပါ။ မေ့ရော့တတ်လာတာတွေ ဝိတ်တက်လာတာတွေ ခေါင်းကိုက်တာတွေ အသားအရေပြသနာတွေအများကြီးပါပဲ။ အဲ့ဒါကြောင့်လုံလောက်တဲ့အိပ်စက်ချိန်ရှိဖို့လဲ ဂရုစိုက်ဖို့မမေ့ပါနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*