
သင့်အိမ်ထဲက ပုရွက်ဆိတ်တွေကို မောင်းထုတ်နိုင်မည့် နည်းလမ်းများ
လူ ၁၀၀ မှာ ၉၉ ဦးရဲ့ အိမ်က ပုရွက်ဆိတ်တွေ ရှိကြမှာပါနော်။သူတို့တွေဟာ နေရာစုံအောင်လျှောက်သွားပြီးတော့ မိသားစု စားမယ့်
ဟင်းခွက်ထဲတွေထဲဝင် ၊ ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲ ၊ အဝတ်အစားထဲ နေရာ အနှံ့ပါပဲနော်။ဒီလို အနှောက်အယှက်ပေးတဲ့ ပုရွက်ဆိတ်တွေကိုသူ့အသက် သတ်တာမဟုတ်ပဲ ပညာရှိနည်းနဲ့ နှင်တဲ့နည်းလေးတွေ ပေးမယ်နော်။
၁။ ပုရွက်ဆိတ်ဝင်လာတတ်တဲ့ မုန့်ဘူးတွေရှိလား။ဘူးအဖုံးအရစ်ကို အပြင်ကနေ တိပ်နဲ့ပတ်ထားပါ။မုန့်ဘူးရဲ့ ဘေးပတ်လည်ကိုလည်းတိပ်နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။ပုရွက်တွေတွေက တိပ်ကိုကျော်လာတာရှားပါတယ်။
၂။ နောက်တစ်နည်းကလည်း တိပ်နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ်တွေက ကြောက်ပါတယ်။
၃။ သံပရာ/သံပရိုသီးကလည်း တကယ်စွမ်းတယ်နော်။မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေကို မမြင်ချင်ဘူးဆိုရင် ပုရွက်ဆိတ်လာတဲ့နေရာတွေကို သံပရာရည်ဖြန်းထားလိုက်။ကြမ်းပြင်တွေကို တိုက်ဆေးရင်လည်း ရေနဲ့သံပရာရည် ရောပြီး ပွတ်တိုက်ပေးထားလိုက်ပါ။ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။
၄။ ငြုပ်ကောင်းမှုန့်ရဲ့ အနံ့ကိုလည်း ပုရွက်ဆိတွေက မနှစ်သက်ပါဘူး။အိမ်ထဲမှာ ပုရွက်ဆိတ်တွေ အုံဖွဲ့နေရင် ပုရွက်ဆိတ်အုံပေါ်ကို ငြုပ်ကောင်းမှုန့် ဖြူးလိုက်ပါ။ပြောင်းရွှေ့သွားကြပါလိမ့်မယ်။
၅။ Talcum Powder လို့ခေါ်တဲ့ ပူရှိန်းရှိန်းပေါင်ဒါလေးတွေကလည်း ပုရွက်ဆိတ်မလာအောင် တားဆီးပေးပါတယ်။ပေါင်ဒါထဲမှာပါတဲ့ tartar, borax, sulfur နဲ့ လေးညှင်းဆီတို့က ပုရွက်ဆိတ်တွေမလာအောင် တားဆီးပေးမှာပါ။
၆။ ရှာလကာရည်ကို သုံးပြီးတော့ ပုရွက်ဆိတ်မလာအောင်လည်း တားဆီးနိုင်ပါသေးတယ်။
ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး ပုရွက်ဆိတ်လာတဲ့နေရာတွေကို ဖြန်းထားပေးလိုက်ရမှာ ဖြစ်ပါတယ်။
Leave a Reply