မဲနေတဲ့ချိုင်းကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ဖြူစင်သွားစေမယ့် နည်းလမ်း (၈) ခု

မဲနေတဲ့ချိုင်းကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ဖြူစင်သွားစေမယ့် နည်းလမ်း (၈) ခု

ချိုင်းမည်းနေခြင်းက စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာတွေ နဲ့လည်း ဆက်စပ်နေ နိုင်ပါတယ်။ တစ်ခါတလေမှာ အသားအရေကြောင့်လည်း ချိုင်းက မည်းတတ်ပါတယ်။ ချိုင်းတွေ မည်းနေတဲ့ အခါ လက်ပြတ်အင်္ကျီဝတ်ဖို့ ရှက်နေတော့မှာပါ။ ချိုင်းမည်းနေတာတွေကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ဖြူစင်သွားစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ပန်းသီးရှာလကာရည်+မုန့်ဖုတ်ဆိုဒါ

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ကို ရောမွှေပါ။ ပူဖောင်းလေးတွေ တဖြည်းဖြည်း ထလာတဲ့အထိ မွှေပါ။ ပူဖောင်းလေးတွေ ငြိမ်သွားပြီဆိုရင် ချိုင်းမှာလိမ်းပေးပြီး ခြောက်သွေ့သွားအောင် ထားပါ။ မိနစ်အနည်းငယ်ကြာပြီဆိုရင် ရေအေးနဲ့ဆေးချလို့ ရပါပြီ။

– တစ်ပတ် ၃ ကြိမ်ခန့်။

၂။ နှင်းရည်+မုန့်ဖုတ်ဆိုဒါ

နှင်းရည်ထဲကို မုန့်ဖုတ်ဆိုဒါ ထည့်ပြီးမွှေပါ။ မွှေပြီးရင် ချိုင်းမှာ လိမ်းပေးပြီး ၁၀ မိနစ်ကြာအောင် ထားပါ။ ၁၀ မိနစ်ကြာထားပြီးရင်တော့ ရေအေးနဲ့ဆေးချပါ။

– တစ်ပတ်၂ ကြိမ်ခန့်။

၃။ နွားနို့+နနွင်း+ပျားရည်

နွားနို့လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ နနွင်းလက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပြီး ချိုင်းမှာ လိမ်းပေးရုံပါပဲ။ ခြောက်သွားရင်တော့ သန့်ရှင်းရေး လုပ်ပေးလို့ရပါပြီ။

၎။ သကြားအညို+သံလွင်ဆီ

သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို မွှေပြီးရင် ချိုင်းမှာ ညင်ညင်သာသာလိမ်းပေးပါ။ ၅ မိနစ်ကြာရင် ကြက်သီးနွေးရေနဲ့ ရေဆေးချပေးပါ။

-တစ်ပတ် ၂ ကြိမ်ခန့်

၅။ မက်မွန်သီးဆီ

မက်မွန်သီးဆီ အနည်းငယ်ကို ချိုင်းမှာ ၁၀ မိနစ်ကြာအောင် ညင်ညင်သာသာလိမ်းပေးပါ။ နေ့စဉ်လိမ်းပေးလို့ ရပါတယ်။

၆။ မြေစေးဆပ်ပြာ+သံပရိုသီး+ရေ

မြေစေးဆပ်ပြာလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပရိုသီးရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေတို့ကို ရောမွှေပြီး ချိုင်းမှာ ဖြည်းဖြည်းချင်း လိမ်းပေးပါ။ ၁၅ မိနစ်ကြာရင် သန့်ရှင်းရေးလုပ်ပေးလို့ ရပါပြီ။

– တစ်ပတ်နှစ်ကြိမ်ခန့်။

၇။ အာလူး

အာလူးတစ်လုံးကို အခွံခွာပြီး ခြစ်တံနဲ့ခြစ်ပါ။ ပြီးရင် အရည်တွေ ထွက်လာတဲ့အထိ ညှစ်ပါ။ ရလာတဲ့အရည်ကို ချိုင်းမှာလိမ်းပေးပါ။ ၁၅ မိနစ်ကြာရင် ရေအေးနဲ့ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းကိုတော့ မနက်တစ်ကြိမိ၊ ညတစ်ကြိမ် ပြုလုပ်ပေးလို့ရပါတယ်။

၈။ လက်ဖက်ဆီ+ရေ

– လက်ဖက်ဆီ ၅ စက်ခန့်

– ရေတစ်ခွက်

ရေဖျန်းဘူးလေးထဲကို ရေတစ်ခွက် ထည့်ပါ။ လက်ဖက်ဆီကိုလည်း ထည့်ပါ။ ပြီးရင် ရေဖျန်းဘူးကို လှုပ်ပေးပါ။ နှံ့သွားပြီဆိုရင် ရေဖျန်းဘူးနဲ့ ချိုင်းကို ဖျန်းပေးလို့ရပါပြီ။ ဒီနည်းလမ်းကို နေ့တိုင်းပြုလုပ်လို့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*