
စိတ်အနှောက်အယှက်ပေးနေတဲ့ ပိုးဟပ်၊ ခြ နဲ့ ကြမ်းပိုးတွေကို တိုက်ထုတ်နည်း
မင်္ဂလာပါ ပရိသတ်တို့ရေ။ ဒီနေ့တော့ မိမိတို့ အိမ်ထဲကို ကိုယ့်ကိုလည်းအကျိုးမပြုတဲ့ ပိုးမွှားတွေ ဝင်မလာအောင် ဘယ်လို တားဆီးကာကွယ်ကြမလဲဆိုတာ ကို ပြောပြပေးပါမယ်။ကျနော်တို့ နေထိုင်တဲ့ နေအိမ်တိုင်းမှာ ပိုးမွှားတွေရှိတတ်ကြပြီး အမြဲလိုလို စိတ်အနှောက်အယှက်ပေးလေ့ရှိပါတယ်။
ဒါကို လူတချို့က ဓာတုဗေဒပိုးသတ်ဆေးတွေနဲ့ ကာကွယ်ကြသလို တချို့ကျတော့ ဓာတုဗေဒပိုးသတ်ဆေးတွေ မသုံးချင်လို့ တခြားနည်းလမ်းများနဲ့ ကာကွယ်နေတဲ့သူတွေလဲရှိပါတယ်။ဓာတုဗေဒပိုးသတ်ဆေးတွေဟာ ပိုးမွှားတွေကိုသာမက လူကိုလည်း များစွာဒုက္ခပေးပါတယ်။
ဒီတော့ လွယ်လွယ်ကူကူနဲ့ လူကိုလည်း အန္တရာယ်မရှိအောင်ပိုးမွှားတွေလဲ ကင်းအောင် အောက်ပါ နည်းလမ်းလေးတွေကို အသုံးပြုကြည့်ပါ။ အနည်းနဲ့ အများ ကာကွယ်နိုင်မှာပါ။
၁။ ပိုးဟပ်
အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့ လက်လှမ်းမမှီအောင်ထားဖို့လိုပါတယ်။
အဲ့လိုမှမဟုတ်ရင်တော့ ရိုးရှင်းလွယ်ကူတဲ့ ထောင်ချောက်လေးတစ်ခုဖန်တီးလိုက်ပါ။ ရေသန့်ဗူးအလွတ်တစ်လုံးကိုယူလိုက်ပါ။
ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင်ဖြတ်လိုက်ပါ။ အဲ့ဒီ ကန်တော့လေးကို ရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ပုံမှာပြထားတဲ့အတိုင်းပေါ့။
ပြီးရင်တော့ အဲ့ဒီပစ္စည်းလေးကို ပိုးဟပ်တွေလာတတ်တဲ့နေရာမှာ ထားပေးပါ။ ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။
၂။ ယင်ကောင်
ယင်ကောင်ဆိုတဲ့ အကောင်က တော်တော်ဒုက္ခပေးတဲ့ တကယ့်ရန်သူတွေပါ။ အဲ့ဒီ ရန်သူအတွက် ထောက်ချောက်လေးတစ်ခု ပြောပြမယ်။
ဒီနည်းလေးကတော့ အသုံးပိုတည့်မှာပါ။ ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးပါဝင်တဲ့ပန်းသီးရှာလကာရှည်ကိုထည့်ပါ။ နောက်ပီး အချဉ်ပေါက်နေတဲ့အသီးတစ်မျိုးရောပေါ့။
ပြီးရင်တော့ အပေါ်ကနည်းအတိုင်း စာရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပီး ပုလင်းထဲထည့်ပါ။ အကုန်လုပ်ပြီးပြီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။
မနက်ကျရင် အကျိုးရလဒ်ကို မျက်မြင်တွေ့ရမှာပါ။ (ပန်းသီးရှာလကာအရည်ကို အခုဆိုရင် ဈေးဝယ်စင်တာကြီးမှာ အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ)
၃။ ခြင်
လူတွေရဲ့ ပထမရန်သူ ခြင်။ သူ့ကို နှိမ်နင်းဖို့တော့ Citronella နဲ့ Lemongrass ဆီကို မီးစာလုပ်ပီး ထွန်းပေးပါ။ ဒါတွေက ခြင်နိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်မှရရှိတဲ့ ဆီတမျိုးမျိုး (Essential Oil)
အနည်းငယ်နဲ့ရောပီး အနည်းငယ်ခဲသွားပါစေ။ အဲ့ဒီအရာကို ခြင်ကိုင်နိုင်တဲ့ နေရာတွေပေါ်မှာလိမ်းနိုင်ပါတယ်။ သတိထားရမှာက Essential Oil မများပါစေနဲ့။
၄။ အခြားပိုးမွှား
ပိုးမွှားတွေ အကုန်လုံးပါဝင်ပါတယ်။ ခြင်တွေယင်တွေ ပိုးဟပ်တွေဟာ Lavender (လာဗင်ဒါပန်း)ကိုကြောက်ပါတယ်။
ဒါကြောင့် အဝတ်ပါး (သို့) ရေမြှုပ်တစ်ခုကို Lavender ဆီနဲ့စွဲနေပါစေ။ ပြီးတော့ အဲ့ဒီအရာကို သင့်အိမ်ရဲ့လေကြောင်းသင့်တဲ့နေရာမှာ ထားပါ။ လူတော်တော်များများ Lavender ကိုကြိုက်သလောက် ပိုးမွှားတွေကတော့မုန်းပါတယ်။
Spary ဗူးအလတ်စားထဲကို Lavender ဆီ အစက်သုံးဆယ်၊ ရေအပြည့်ရောပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ Lavender ဆီကို အသားအရေပေါ်မှာ အသုံးပြုခြင်းကိုတော့ရှောင်ပါ။
၅။ ပုရွက်ဆိတ်
ပုရွက်ဆိတ်ဆိုရင်တော့ အရက်ကအသုံးဝင်လာပါပြီ။ အရက်ဆီအနည်းငယ်၊ ပန်းကန်ဆေးဆပ်ပြာနဲ့ ရေတို့ကို ရောပီး သမအောင်ခေါက်ပါ။
အမြုပ်တွေထွက်လာပီဆို ပုရွက်ဆိတ်လမ်းကြောင်းတွေမှာဖြန်းထားလိုက်ပါ။ ပုရွက်ဆိတ်ကင်းစင်တဲ့ အိမ်လေးတစ်လုံးဖြစ်သွားမှာ အသေအချာပါပဲ။
၆။ ပျား
သင့်အိမ်ထဲမှာ ပျားတွေ အသိုက်တည်နေပီလား။ ပျားဖွတ်သမားတွေကြားပါက သူတို့အပြေးလာကြပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ကို နှိမ်နင်းဖို့ အခြားနည်းရှိပါတယ်။
Citrus Fruits လို့ခေါ်တဲ့ လိမ္မော်သီး၊ရှောက်သီး သံပုရာသီးတို့ကို ရေနဲ့ (၁၀)မိနစ် (သို့) (၁၅)မိနစ်ခန့် အပူပေးပါ။ ပြီးရင်တော့ အဲ့ဒီအရည်ကို ဗူးထဲထည့်ပီး ဖြန်းပေးပါ။ (အကာအကွယ်တော့ လုပ်ထားပါ)
၇။ ပျားနဲ့ ပုရွက်ဆိတ်မျိုးနွယ်
ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ ပျားတွေ အိမ်ထဲမှာ အုံဖြစ်နေလို့ စိတ်ပူမနေပါနဲ့။ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ ပျားတွေ အိမ်ထဲမှာ အုံဖြစ်နေလို့ စိတ်ပူမနေပါနဲ့။ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။
၈။ ပင့်ကူ
ပင့်ကူတွေက Tea Tree ကိုမုန်းပါတယ်တဲ့။ ရေခွက်ဝက်၊ ရှာလကာခွက်ဝက်ကို Tea Tree Essential Oil အနည်းငယ်နဲ့ရောဖြန်းရင် ပင့်ကူတွေ အဲ့ဒီနေရာမှာ ကြာကြာမနေနိုင်တော့ဘဲ ထွက်ပြေးပါလိမ့်မယ်။
၉။ ဂျပိုး
တော်တော် မုန်းဖို့ကောင်းတဲ့ အကောင်ပါ။ ညတိုင်း ဒုက္ခပေးပြီး မျိုးပွားနှုန်းလဲ အရမ်းမြန်ပါတယ်။ ဒီအကောင်ကို နိုင်တာကတော့ ယူကလစ်ပါ။ရေတစ်ခွက်ထဲကို ယူကလစ်ဆီ (၁၀)စက်လောက် ထည့်ပီး ဂျပိုးရှိတဲ့ နေရာတဝိုက်ကိုဖြန်းပါ။
အရမ်းကို သိသာပါတယ်။ ခရီးခဏခဏသွားရသူဆိုလည်းမပူပါနဲ့။ ယူကလစ်ဆီလေးသာဆောင်ပါ။ တည်းခိုတည့်နေရာမှာ ယူကလစ်ဆီကို Tissue ထဲအနည်းငယ်ထည့်ပီး အိပ်ရာတဝိုက်ပွတ်ပါ။
၁၀။ အနံ့ဆိုးတဲ့ ပိုးကောင်တွေ
ဒီအကောင်တွေကို ကြက်သွန်ဖြူနဲ့တားလိုက်ပါ။ ရေ(၂)ခွက်ကို ကြက်သွန်ဖြူအမှုန့် လက်ဘက်ရည်ဇွန်း (၄)ဇွန်းလောက်ထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်တော့ အသုံးပြုဖို့အဆင့်သင့်ပဲပေါ့။
Leave a Reply