
ပရုပ်လုံးသုံးတတ်သူများအတွက် သတိပြုပြီးသုံး
ပရုပ်လုံံံးရဲ့ အာနိသင် ကိုက တဖြေးဖြေးလုံး ပါးပါးပြီး အငွေ့ပျံတာ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ ပါရာဒိုင် ကလို ရိုဘန်ဇင်း ဓာတ်တွေပါ။
စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ် ထားကြတဲဲ့ အငွေ့တွေက ကလေးငယ်နဲ့ လူကြီး လူငယ် အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ သဘောပါ။ဖြည်းဖြည်းချင်း သူလဲ လုံးပါး ပါးရင်း ကိုယ်လဲ ထိခိုက် နေတာပေါ့ – အနည်းနဲ့အများပဲကွာတယ်
(သိတောင် မသိလိုက်ကြဘူး) အဲဒီ့ အငွေ့တွေက မျက်စိ အသက်ရူ လမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေ တယ်။
ခေါင်းကိုက်တာ / မူးတာ / အန်ချင်တာ ဖြစ်တတ်တယ် – တချို့လေ့လာမူတွေအရ ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မူရှိတယ် ဆိုတယ်။
နပ်ဖ်သလင်း ဓာတ်က ပိုဆိုးတဲ့ အဆိပ် ဓာတ်ပါ – သွေးနီဥ လေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ် – သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ သွေးအားနည်းရောဂါအကျိုးဆက်တွေ ဖြစ်တတ်တယ်။
G6PDဆိုတဲ့ အင်ဇိုင်း ချို့တဲ့မူ ရှိသူတွေဆို ပိုပြီး ထိခိုက်တယ် – လူကြီးနဲ့ကလေး ခံရ တာခြင်း ကွာခြားခြင်းက ..ကလေးတွေက ဒီအဆိပ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့အားအင်က လူကြီးတွေထက် နည်းတယ် ပိုအန္တရာယ်ရှိတယ်။
ပရုပ် အဖြူရောင်တင် မကပါ – ဈေးကွက်ထဲမှာ အရောင်စုံ ဒီဇိုင်းစုံ ပုစံမျိုးစုံ ပေါ်နေတယ်ကလေးများ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာသတိထားပါ – သေချာ သိမ်းပါ လူကြီးတွေအတွက်လည်း မကောင်းပါဘူး ။
အငွေ့ ရှုမိလို့ ရေရှည် မကောင်းသလို ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး –
ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေတာ ပြန်လျော်ပြီး နေလှန်း ခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
ပရုပ်လုံး မသုံးရင် အနံ့တွေ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ? ပိုးကောင်တွေ ပြေးအောင် ဘယ်လို လုပ်ရမလဲ ?ပရုပ်လုံး ဝယ်ရင် ဒီလို Naphthalene – Paradichlorobenzene ဓာတု အမည် ပါရင် မဝယ်ပဲ မသုံးဘဲ ရှောင်ပါ။
ထင်းရူးသားနဲ့ လုပ်တဲ့ ပရုပ်လုံးကို သုံးလို့ရတယ် ( မြန်မာပြည်မှာရှိမယ်မထင်ပါ ) ထင်း ရူးသားလေး ထည့်ထားတာမျိုး လုပ်ပါ။
တချိ့ကျတော့ လေညှင်းပွင့်လေးတွေ ထင်းရူးသားသန့်သန့်လေးတွေကို အဝတ်အိတ် လေတွေနဲ့ ချုပ်ထည့်ပြီး ဘီဒိုထောင့်လေးတွေမှာ ထားကြတယ်။
ဘာပဲဝယ်ဝယ် ဘာပါဝင် သလဲဆိုတာ ဖတ်ပါ ထုပ်ပိုးတာလှတိုင်းအကောင်းစားမဟုတ်ပါခုပေါ်နေတဲ့ အဝတ်ဖြန်း အမွှေးရည်မှာ ဘာတွေပါဝင်နေလဲ အထက်က ဖော်ပြထားတဲ့ ဓာတ်တွေ ပါလားစစ်ပါ။
ကိုယ့်နိုင်ငံကို အတုမျိးစုံ ဝင်လာနေတဲ့ အချိန်အခါမှာ ဆက်မသုံးတော့ရင် အကောင်းဆုံးပါရောဂါ လက္ခဏာကို ကြည့်ပြီး ပရုပ်လုံးကြောင့် တစ်ထစ်ချ ပြောမရပါ သတိထား ကြဖို့ပါ။
Leave a Reply