
လက်ဆစ်၊ခြေဆစ်တွေ မဲနေလို့ စိတ်မညစ်ရအောင်…
လက်ချောင်းခြေချောင်းတွေကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား။မျက်နှာလေးကတော့ဖြူဝင်းနေပေမယ့် လက်ချောင်းလေးတွေ ညိုမဲနေရင်းလည်း အဆင်မပြေပါဘူး။
မျက်နှာကိုပဲ ဂရုစိုက်ရုံနဲ့ အလှအပဟာ ပြီးပြည့်စုံမှု မရှိနိုင်ပါဘူး …။လက်ချောင်းခြေချောင်းတွေညိုမဲနေပြီး လက်သည်းနီခြေသည်းနီ လှလှလေးတွေ ဆိုးထားပြန်ရင်လည်းကိုယ့်လက်ချောင်းလေးတွေက လှပနေမှာ မဟုတ်သလိုယုံကြည်မှုတွေလည်း ပိုတိုးမလာတာတော့ သေချာပါတယ် …။
နေလောင်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လက်ချောင်းခြေချောင်းတွေ ညိုမဲနေတာတွေအတွက် သံပုယိုသီးကို အသုံးပြုလိုက်ပါနော် …။
အသုံးပြုနည်းကတော့
– သံပုယိုသီးနဲ့ သကြား
သံပုယိုသီးနဲ့ သကြားကို လက်ချောင်းခြေချောင်းတွေမှာ ပွတ်တိုက်ပေးပါ …။
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုသီး တစ်ခြမ်းကိုအရည်ည်ပြီး ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ် …။ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။တစ်နေ့ကို တစ်ကြိမ်၂ ပတ် ပြုလုပ်ပေးပါ …။
– သံပုယိုသီး နဲ့ ပျားရည်
သံပုရာသီးမှာ သဘာဝအတိုင်း အသားအရေ ဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ် …။ပျားရည်ကလည်း အသားအရေကို အဟာရဓါတ် ပေးစွမ်းနိုင်ပါတယ်။ဒီတော့ အသုံးပြုလိုက် ရအောင်ပါ …။
ပျားရည်နဲ့ သံပုရာရည်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီ အချိုးကျရောပြီး လက်ချောင်းခြေချောင်းတွေကို လိမ်းပေးပါ …။
၁၀ မိနစ်လောက်ထားပြီး ရေဆေးချပါ …။အနည်းဆုံး တစ်ရက်ကို ၁ ကြိမ်လုပ်ပေးပြီး ၂ ပတ်ဆက်တိုက် ပြုလုပ်ပေးပါ။ ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်နော် …။
ခရက်ဒစ်
Leave a Reply