
ပန်းအိုးထိုးတဲ့အခါ ပန်းတွေ မနွမ်းခြောက်အောင် ကြာကြာခံနေ စေမယ့် နည်းလမ်းများ
ကြာခံနေ စေမယ့် နည်းလမ်းတွေ ရွိ ပါ တယ် ။
အလုပ္စားပြဲမွာ အလှပန်းအိုး ထိုးတာမျိုး ဖြစ်ဖြစ် ၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမွာ ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏ လေးနဲ့ ညှိုးနွမ်းခြောက်သွေ့ သွားတတ်လို့ စိတ် အ နှောင့်အယှက် ဖြစ်ရပါတယ် ။
အခုဖော်ပြ ပေးမယ့် နည်းလမ်းတွေက တော့ ပန်းအိုး ထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေ စေမယ့် နည်းလမ်းတွေပဲ ဖြစ် ပါ တယ် ။
( ၁ ) ပန်းတွေ ဝယ္လာတဲ့အခါ ရေ ဆေးပြီး ပန်းအိုး ထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ် ။ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမို ကောင်းမွန်စေပြီး ကြာကြာခံစေပါတယ် ။
( ၂ ) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အရွက်တွေကို ခြွေ ပေးရမှာ ဖြစ်ပါတယ် ။
ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ် ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့ မ ကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်း မြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး ။
( ၃ ) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်း အပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြား ဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ် ။
ရေလဲတဲ့ အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက် ပေးသင့်ပါတယ် ။
( ၄ ) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာ ခံစေနိုင်တဲ့အပြင် ပန်းအိုးထဲက ရေ တွေ အချိန်ကြာလို့ အနံ့ အသက် မ ကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး ။
( ၅ ) ပန်းတွေ ကြာကြာ ခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုက တော့
ပန်းအိုး ထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း နဲ့ သကြား လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ ။
ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေ စေနိုင်ပြီး သကြားက တော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ် ။
Credit : Original Writer
Leave a Reply