30.9.2023 နေ့ မုန်တိုင်းအခြေအနေ

အခု လေပွေလှိုင်း(လေဖိအားနည်းရပ်ဝန်း – 90B)ကတော့ အောက်တိုဘာ ၃ ရက်နေ့ဆိုရင် သူ့ရဲ့သက်ရောက်မှုမရှိသလောက်ဖြစ်သွားပါပြီ။
နောက်ထပ် အရှေ့လေပွေလှိုင်းတွေ မုန်တိုင်းအကြွင်းအကျန်တွေလာဖို့တော့ အောက်တိုဘာလ လ လယ်လောက်အထိ ကျန်နေပါသေးတယ်။ 99A နဲ့ 93W ဘယ်လိုပုံစံနဲ့ လာမလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပါဘဲ။ ဖိလစ်ပိုင်ပင်လယ်က 93W ကတော့ လေဖိအားနည်းရပ်ဝန်း TD-14W ဖြစ်သွားပါပြီ၊ အနောက်ဘက်ကိုရွေ့ပြီး ၈ ရက်နေ့ တောင်တရုတ်ပင်လယ်မှာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာမယ်လို့ ကနဦးခန့်မှန်းချက်တွေမှာလဲ တွေ့နေရပါပြီ။
အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ ဒီလိုတွေ ဖြစ်တတ်ပါတယ်၊ မုန်တိုင်းမရှိတာတောင် လေကြမ်းနေတာတွေမျိုး၊ မိုးတွေများပြီး ရေကြီးတာမျိုးပါ။
အရေးကြီးတာက အသက်အန္တရာယ်ကင်းပြီး ဆုံးရှုံးမှုတွေ မများကြဘို့ပါဘဲ၊ ဘေးကင်းနေရင် အလုပ်လုပ်လို့ ကောင်းတဲ့ ရာသီဥတုကောင်းတဲ့အချိန်တွေမှာ အားထည့်လုပ်လို့ရတာပေါ့။ သဘာဝတရားကြီးနဲ့ အလုပ်လုပ်ရင်တော့ ဒီလိုဘဲ ဖြစ်နေတတ်ပါတယ်။ နည်းပညာတွေ တိုးတက်ဖွံဖြိုးလာတဲ့ခေတ်ကြီးမှာ ကြိုတင်ခန့်မှန်းလို့ရလာတာတွေက အများကြီးအထောက်အကူဖြစ်မှာပါ။
ပင်လယ်မှာအသက်နဲ့ရင်းပြီးရှာဖွေလုပ်ကိုင်နေကြရတဲ့အဖွဲ့တွေရော၊ ကုန်းတွင်းက ရေကြီးလို့ စိုက်ပျိုးပင်တွေ ဆုံးရှုံးကြရတဲ့တောင်သူတွေရော၊ ဒုက္ခပေါင်းစုံကြားကပြည်သူတွေအားလုံးကိုရော ကိုယ်ချင်းစာပါတယ်ဗျာ၊ အခုခေတ်ပျက်ကြီးမှာ အစစအရာရာ အကုန် ခက်ခဲနေကြတာတွေလဲ သိပါတယ်။ ဆက်ပြီးရုန်းကန်နေကြရဦးမှာပါ၊ဒီလိုအခြေအနေတွေကြားထဲမှာ သဘာဝဘေးတွေကြောင့်ထပ်ဖြစ်တဲ့ အန္တရာယ်တွေကြောင့် ထပ်ပြီးဝန်ပိ/ဝန်ပိုစေမဲ့ဒုက္ခတွေက ကင်းဝေးကြစေချင်ပါတယ်။ credit U Win Naing

Be the first to comment

Leave a Reply

Your email address will not be published.


*