အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်

အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်

အမျိုးသမီးများ အတွက်သာမက အမျိုးသားများပါ မိမိတို့ရဲ့ မျက်နှာပြင် အရေပြားကို ကောင်းမွန် သန့်စင်လို ကြတာက သဘာဝပါပဲ။ အရေပြားအတွက် ဆိုရင် ဗီတာမင် အချို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။

အဓိက အရေပြားအတွက် လိုအပ်နေတဲ့ ဗီတာမင်တွေ ကတော့ ဗီတာမင် အေဗီတာမင် စီ ၊ ဗီတာမင် အီး တို့ပဲ ဖြစ်ပါတယ်။
အရေပြားဆိုင်ရာ ကျွမ်းကျင်သူ အထူးကု အတော် များများရဲ့ အဆိုကတော့ အင်ဒီအောက်ဆီးဒင့် (Antioxidants) တွေဟာ ဖရီးရယ်ဒီကယ် တွေကို ထုတ်ပေးနိုင်ပြီး အရေပြားမှာ အရေးအကြောင်းဖြစ်တာ ရောင်ရမ်းတာတွေကို မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုတာပါပဲ။

အင်ဒီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ ၊ အီး တို့ကို အလှကုန်များမှာ ထည့်သွင်းပြုလုပ်လာပြီဖြစ်ပါတယ်။ ဒါဆို ဒီဗီတာမင်တွေဟာ အရေပြားအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလည်း ဆိုတာ သိစေချင်လို့ ပြောပြချင်ပါတယ်။

ဗီတာမင် အေ….

(Anti aging) ဗီတာမင်အေဟာ ရက်တီနောနဲ့ အတူတူလို့ ဆိုထားပါတယ်။အရေပြားပေါ်ကအရေးအကြောင်းတွေ အဖုအပိန့်တွေ အရေပြား မညီမညာမူှတွေ၊ အမာရွတ်တွေ ၊ ဝက်ခြံတွေကို သက်သာပျောက်ကင်း စေပါတယ်။ရက်တီနောကို တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိမ်းပေးပါ။ ရက်တီနောကို ဗီတာမင်စီနဲ ့တွဲမလိမ်း့ ရပါ။ အသားအရေကို ပိုပြီးခြောက်သွေ့စေတာ မို့ပါ။

ဗီတာမင် အေ ရနိုင်မဲ့ အစားအစာများ”’

အမဲအသည်း ၊ ကန်စွန်းဥ၊ သရက်သီး ဘရိုကိုလီ ၊ ဟင်းနုနွယ် ၊ ကိုက်လန်ဖရဲသီး ၊ မုန်လာဥနီ စတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။

ဗီတာမင်စီ”’

(Brightening)ဗီတာမင်စီ ဟာ သင့်ရဲ့ နွမ်းနယ် ပင်ပန်းပြီး မွဲခြောက်နေတဲ့ အသားအရေအတွက် လွန်စွာ အကျိုးပြုစေပါတယ်။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောက်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည် ကောင်းမွန်လာရန် အထောက်အကူပြု ပါတယ်။အရေပြားကို တင်းရင်းစေတဲ့ အတွက် နုပျိုမူှကို ရရှိစေ ပါတယ်။ အသားအရောင် မညီတာတွေကို လည်းညီ မျှ အောင်ညှိပေး ပါတယ် ။

ဗီတာမင်စီ ရနိုင်မဲ့ အစားအစာတွေကတော့……

ဘရိုကိုလီ လီမွန် လိုင်ချီး စတော်ဘယ်ရီ သင်္ဘောသီး ခရမ်းချဉ်သီး ငရုပ်ကောင်း ကန်စွန်းဥ ဟင်းနုနွယ် ဂေည်ဖီထုတ် ပန်းဂေါ်ဖီ အစိမ်းရောင်ဟင်းသီးဟင်းရွက်စတာတွေပဲဖြစ်ပါတယ်။

ဗီတာမင် အီး””’

(Moisturizing) ဗီတာမင်အီးဟာ အရမ်းအားမပြင်းတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီးရက်တီနောနဲ့ မတည့်တဲ့ အသားအရေ ဒါမှမဟုတ် Sensitive အသားအရေ အတွက် အလွန်ပင် သင်တော်လှပါတယ်။

အရေပြားကိုဖရီးရယ်ဒီကယ် တွေက ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ပေးပြီး အမာရွတ်မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဗီတာမင် အီးကိုဗီတာမင်စီနဲ့တွဲပီး လိမ်းပေးနိုင် ပါတယ်။

ဗီတာမင်အီး ရနိုင်မဲ့ အစားအစာများ….

ဗီတာမင်အီးကောင်းမွန်စွာ ရရှိဖို့ဆိုရင် အစေ့အဆန် အမျိုးမျိုးကို စားပေးရမှာ ဖြစ်ပါတယ်။ အယ်လ်မွန်စေ့ နေကြာစေ့ မြေပဲ သစ်အယ်သီးတို့ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီ နဲ့အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တို့ကလည်း ဗီတာမင်အီး ကြွယ်ဝ လှတာမို့ စားသုံးပေးပါ။

ကဲ အရေပြားအတွက် အာဟာရတွေကို သိရပြီဆိုရင် မိမိတိုအရေပြား အလှကို မိမိတို့ ကိုယ်တိုင် ထိန်းသိမ်းနိုင်ကြပြီပေါ့……

Be the first to comment

Leave a Reply

Your email address will not be published.


*