အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်

၁။ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုး ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာတွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့အကျိုး မရရှိစေတဲ့ အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကိုပါးပါးလှီးကာ နှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

၃။ဆီပုံမှန်လိမ်းပါ။

အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့ အပြင် အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။

၄။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်ခြင်းမှရှောင်ရပါမယ်။ အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်းငယ်လျော့စားပေးပါ။ တချို့အစားအစာတွေဟာဆံသားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူမြန်စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*