ဆံပင်အုံထူထူထဲထဲနဲ့ အရှည်မြန်ချင်သူများအတွက် နည်းလမ်းကောင်းများ

ဆံပင်အုံထူထူထဲထဲနဲ့ အရှည်မြန်ချင်သူများအတွက် နည်းလမ်းကောင်းများ

ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံးလူသားတစ်ယောက်ရဲ့ ဆံပင်က ၅.၆၂၇ မီတာ ရှည်လျားပါတယ်။ ဆံပင်နည်းနည်းလေးရှည်လာတာနဲ့ အမျှ ဂရုစိုက်မှုကလည်း ပိုများလာမှာပဲဖြစ်ပါတယ်။

တချို့ပျိုမေလေးတွေကျတော့ ဆံပင်အုံပါးလို့ ဆံပင်အရှည်နှေးလို့ စိတ်ညစ်ကြရပါတယ်။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွကို လိုက်နာပြီး သေချာဂရုစိုက် ထိန်းသိမ်းပေးမယ်ဆိုရင် ဆံပင်က နဂိုကထက် ပိုရှည်လာပြီး အုံပိုထူလာမှာပဲဖြစ်ပါတယ်။

ဦးရေပြားကို နှိပ်နယ်ပါ

ဦးရေပြားကို နှိပ်နယ်ပေးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်မွှေးညှင်းပေါက်လေးတွေဆီသို့ သွေးစီးဆင်းမှုကောင်းစေပါတယ်။ ထိုမှတဆင့် ဆံပင်အရှည်မြန်လာအောင် လှုံ့ဆော်ပေးမှာပဲဖြစ်ပါတယ်။ ခေါင်းလျှော်နေစဉ် အချိန်အတွင်းမှာလည်း ဦးရေပြားကို နှိပ်နယ်ပေးလို့ရပါတယ်။

ဆံပင်အခြောက်ခံတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ခြောက်အောင် သုတ်ပေးဖို့လိုပါတယ်

ခေါင်းလျှော်ပြီးသွားတဲ့အချိန်မှာ ဆံပင်ကို လိမ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။ ပုဝါလေးနဲ့ ညင်ညင်သာသာလေး ဖိပေးပြီး စိုနေတဲ့ရေတွေကို ဖယ်ရှားပေးလိုက်ရင် လုံလောက်ပါပြီ။

ပိုးသား ခေါင်းအုံးစွပ်လေးတွေ အသုံးပြုပါ

ချည်ထည်ခေါင်းအုံးစွပ်တွေက ဆံပင်ရဲ့ အစိုဓာတ်ကို စုပ်ယူပစ်လိုက်တာကြောင့် ဆံပင်ကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါပေမဲ့ ပိုးထည် ခေါင်းအုံးစွပ်လေး အသုံးပြုရင်တော့ အဲ့ဒီလိုဖြစ်မှာမဟုတ်တော့ပါဘူး။ ပိုးထည်က ဆံပင်က ခေါင်းအုံးစွပ်အကြား ပွတ်တိုက်မှုကို လျော့ချပေးပြီး ဆံကေသာပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ပိုနီတေး စည်းတဲ့အခါ ခပ်မြင့်မြင့် မစည်းပါနဲ့

ပိုနီတေးကို အမြင့်ကြီးစည်းလိုက်တဲ့အခါ ဆံပင်ရဲ့အမြစ်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး ဆံပင်အမြစ်တွေ ပျက်စီးသွားတတ်ပါတယ်။ ဒါ့အပြင် မကြာခဏလည်း ဆံပင်ကျွတ်တတ်ပါတယ်။

ရေအေးလေးနဲ့ ခေါင်းလျှော်ပါ

ရေအေးနဲ့ ခေါင်းလျှော်ခြင်းက ဆံကေသာကို ပိုမိုကျန်းမာသန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံကေသာ နူးညံ့တောက်ပြောင်လာဖို့လည်း စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

သံလွင်ဆီ အသုံးပြုပါ

Antioxidants နဲ့ ဗီတာမင် အီး ပါဝင်တဲ့ သံလွင်ဆီက ဆံပင်အရှည်မြန်အောင်၊ နူးညံ့ပျော့ပျောင်းအောင်၊ ဆံကေသာ တောက်ပြောင်လာအောင် ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကို ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပြီးနောက် ဦးရေပြားကို မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ဆံပင်ကို Shower Cap လေးနဲ့ ၁၅ မိနစ်၊ မိနစ် ၃၀ လောက် အုပ်ထားလိုက်ပါ။ ပြီးမှ မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်လေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကိုသာ ဦးစားပေး စားသုံးပါ

အစားအစာ စားသုံးခြင်းကလည်း ဆံကေသာအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားများ၊ ငါးများ၊ ပဲအမျိုးမျိုး၊ ဗီတာမင် အေနဲ့ ဗီတာမင် စီကြွယ်ဝတဲ့ မုန်လာဥနီ၊ အချဉ်ဓာတ်ကြွယ်ဝသော အစားအစာများ၊ ရွှေဖရုံသီး စတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးလိုက်ပါ။ ဒါ့အပြင် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစွာ နေထိုင်နိုင်ဖို့ကလည်း အရေးကြီးပါသေးတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *