
သံလွင်ဆီကို အသုံးပြုပြီး တောက်ပတဲ့ Glow Skin ဖြစ်သွားစေမယ့် နည်းလမ်းများ
သံလွင်ဆီဟာ အလှအပအတွက် သာမက ကျန်းမာရေး အတွက်ပါ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။ သံလွင်ဆီ ဟာဆိုရင်အသားအရေကို စိုပြည် လှပစေပြီး အရေပြားပေါ်က ဆဲလ်တွေကို အသစ်အသစ်တွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အသားအရေကို အထူး လှပစေပါတယ်။ ခု ဖော်ပြပေးမှာ ကတော့ သံလွင်ဆီကို
သုံးပြီး အသားအရေကို ကြည်လင် တောက်ပစေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
( ၁ ) သံလွင်ဆီနဲ့ သံပုယိုရည်
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည်၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင်ရောမွှေ လိုက်ပါ။ ရလာတဲ့ အရည်ကို မျက်နှာပေါ်မှာ လိမ်းပြီး နှစ်မိနစ်ခန့် နှိပ်နယ်ကာ နာရီဝက်ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးပြီး နောက်ဆုံးမှာ ရေအေးလေးနဲ့ပြန်ဆေးပေးလိုက်ပါ။ ဒီ နည်းလမ်းလေးနဲ့ အဆင်ပြေရင် တစ်ပတ်ကို ၂ ကြိမ် ခန့် ပြုလုပ်
ပေးနိုင်ပါတယ်။
( ၂ ) သံလွင်ဆီနဲ့ ပျားရည်
သံလွင်ဆီ လက်ဖက်ရည် ဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်ရည် ဇွန်း ၁ဇွန်းနဲ့ ကြက်ဥအနှစ် ၁လုံးတို့ကို သမသွားအောင် ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို သန့်စင်တဲ့ မျက်နှာပေါ်မှာ လိမ်းပြီး၁၅ မိနစ်ခန့် ထားကာ ရေနွေးနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ် ပြုလုပ်ပေးရပါမယ်။
( ၃ ) စနွင်းမှုန့်နဲ့ သံလွင်ဆီ
စနွင်းမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ဒိန်ချဉ် အသန့်လက်ဖက်ရည် ဇွန်း ၂ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး၁ဝမိနစ်ခန့် အကြာမှာ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် ၂ကြိမ်ပြုလုပ်ပေးနိုင်
ပါတယ်။
( ၄ ) သံလွင်ဆီနဲ့ ရှာလကာရည်
သံလွင်ဆီ ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ ရှာလကာရည် ခွက်တစ်ခွက်ရဲ့ ၄ပုံ ၁ပုံ၊ ရေခွက် တစ်ခွက်ရဲ့၄ပုံ တစ်ပုံ တို့ကို သေသေချာချာ ရောမွှေလိုက်ပါ။ အိပ်ရာဝင်ခါနီးမှာ ရလာတဲ့ အရည်ကို သန့်စင်ပြီးမျက်နှာပေါ်မှာ လိမ်းပြီး မျက်နှာပြန်သစ်စရာ မလိုပါဘူး။ ညစဉ် ညတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။
Credit
Leave a Reply