ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ

ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ

မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိိုင်ထားပါ

၁၃၈၂ ခု မြန်မာနှစ်သစ်ကူးအချိိန်ဟာ ပထမနဲ့ ဒုတိယကမ္ဘာစစ်အချိိျန်က သင်္ကြန်ကာလမျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာမှန်းဆနှိိုင်းယှဉ်မိတယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏အဟုန်က မြင့်မားရှည်လျားတယ်။ လူသန်းပေါင်းများစွာ သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြတယ်။ စိတ်ကူးနဲ့တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြရတယ်။

ဂျပန်ချွေးတပ်် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန််းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော် (ဖခင်) ကတော့ အသက်ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြန်ရောက်ပြီး နောက်ထပ်လေးဆယ့်တစ်နှစ် ထပ်နေသွားရပါသေးတယ်။ သို့သော် အလုပ်ကြမ်း မလုပ်နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ ကမ္ဘာစစ်၏ ဆိုးကျိုးအတွေ့အကြုံပါ။

လက်ရှိ ကမ္ဘာတစ်ဝန်းလုံး တွေ့ကြုံနေရတဲ့ ကိုဗစ်် ၁၉ ဗိိုင်းရပ်စ်ဟာလည်း ကမ္ဘာစစ်အလား လူသန်းပေါင်း ခုနှှစ်ထောင့်လေးရာစလုံးကိို ထိခိိုက်တုန် လှုပ်စေပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းလောက်က အစပြုခဲ့တာ ယခု လူဦးရေနှစ်သန်းနီးပါး ကူးစက်ပြီး တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရလေပြီ။ မမြင်ရတဲ့ ဒီဗိုင်းရပ်စ်ရန်သူဟာ ရှေ့ဆက်ဘယ်လောက်ထိ မွှေနှောက်ဖျက်ဆီးဦးမယ်ဆိုတာ ဘယ်သူမှအတိအကျ မသိနိုင်သေးဘူး။

လက်ရှိသိနိုင်တာကတော့ လူတွေခရီးသွားလာမှု၊ ဘဝနေထိိုင်မှုပုံစံနှင့် ကမ္ဘာ့စီးပွားရေးတို့ဟာ ဒီဗိုင်းရပ်စ်ရဲ့ အဓိကပစ်မှတ်ဖြစ်နေရပြီ ဆိုတာပါပဲ။ ယုံကြည်မှုဘာသာ၊ လူမှုအဆင့်အတန်း၊ ဆင်းရဲ ချမ်းသာမရွေး မျက်နှာမလိုက်တဲ့ ဒီ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ ကမ္ဘာစစ်ရဲ့ ဒဏ်ရာ၊ ဒဏ်ချက်များကို နှစ်ပေါင်းများစွာ ပြန်လည်ကုစားခဲ့ရသလို နိုင်ငံတိုင်းပြန်လည်နာလန်ထူလာအောင် ဆယ်စုနှစ်များစွာ တစ်ကမ္ဘာလုံး ဝိုင်းကြိုးစားကြရမယ်ဆိုတာကလည်း အခုကတည်းက ထင်ရှားနေလှပါပြီ။

ကြိုတင်ပြင်ဆင်ခွင့်မရလိုက်ဘဲ ဒီလိုဧရာမအတိဒုက္ခနဲ့ ပက်ပင်းရင်ဆိိုင်ကြရတဲ့ နိုင်ငံအသီးသီးကအစိုးရများ၊ ကုမ္ပဏီများနှင့် မိသားစုများဟာ နိစ္စဓူဝကိစ္စလိုဖြစ်လာတဲ့ ဒီကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်အကြီးအကျယ် ဖိစီးမှုကြောင့် စကားပြောမှား၊ ဆုံးဖြတ်ချက်မှား စတဲ့အမှားများမှ မရှောင်လွှဲနိုင်ပါ။ တစ်ဘက်က အားမလို အားမရဖြစ်လို့ ဝေဖန်တာကို အခြားတစ်ဘက်ကလည်း ငါတို့ ဒီလောက်ကြိုးစားပမ်းစား ရိုးရိုးသားသား လုပ်နေတာ တန်ဖိုးမထားရကောင်းလားဆိုပြီး အမြင်တွေ၊ စိတ်ခံစားမှုတွေ တဖြည်းဖြည်းနဲ့ ကွာဝေးသွားနိုင်ပါတယ်။ ဒါက လူတိုင်း မျှော်လင့်မထားတဲ့ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေကြရလို့ပါပဲ။

ဒီလိိုအချိန်မျိုးမှာ မိိသားစုများ၊ ကုမ္ပဏီများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများဟာ အဆိုးမြင်ဝါဒဘက်ကို အလွယ်တကူ ယိမ်းသွားနိုင်ပါတယ်။ ဦးနှောက်ရဲ့ sympathetic system ကာကွယ်ရေးယန္တရားဖြစ်တဲ့ amygdala တက်ကြွလာရင် အဆိုးမြင်တတ်၊ အရာရာကို အန္တရာယ်လို့ ချဲ့မြင်တတ်ကြတာ ဓမ္မတာပါပဲ။

ဒါပေမဲ့ မမြင်ရတဲ့လူသတ်သမား ကိုဗစ်် ၁၉ ဗိိုင်းရပ်စ်ကို မည်သည့်အစိုးရ မည်သည့်နိုင်ငံကမှ တစ်ဦးတည်း ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ကိုယ့်နိုင်ငံက ပိုးကူးစက်ခံရတဲ့လူနာတွေကို အခြားနိုင်ငံရဲ့ ပစ္စည်းနှင့်အကူအညီမပါဘဲ လုံလောက်အောင် မကုနိုင်ကြပါဘူး။ ခုရက်ပိုင်းအတွင်းမှာပဲ ပြင်သစ်နိုင်ငံသမ္မတ အီမင်နျူ မက်ခွန် က သူ့အစိုးရဟာ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်မနေခဲ့ပါဘူးလို့ ခေါင်းဆောင်ကောင်းပီပီသသ ဝန်ခံခဲ့ပါတယ်။ကမ္ဘာကြီးဟာ အချင်းချင်းမည်မျှဆက်စပ်နေတယ်၊ မှီခိိုနေတယ်ဆိုတာ အထူးရှင်းပြစရာမလိုတော့ပါ။

တစ်ချိန်တည်းမှာပဲ ဒီီကပ်ရောဂါ ပြဿနာကြီးကို စုပေါင်းကြိုးစားမှုနဲ့ ဖြေရှင်းနိိုင်မယ်၊ ဖြေရှင်းရမယ်လို့လည်း ဖော်ပြနေပါတယ်။ ကပ်ရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေးများ အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ ကမ္ဘာကြီးဟာ အခုလောလောဆယ်မှာလည်း ကာကွယ်ဆေးအတွက် အပတ်တကုတ်ကြိုးစားကြလို့ မျှော်လင့်ချက်ရောင်ခြည်လေးများ စတင်တွေ့ရှိလာရပါပြီ။ အချို့လူနာများအတွက် နောက်ကျနိုင်စရာရှိပေမယ့် ရေရှည်မှာတော့ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။

အရေးကြီးတာကတော့ နှှစ်သစ်ကူးက ဓမ္မတာအရ ဆောင်ကြဉ်းပေးလေ့ရှိိတဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်ဝါဒများကို လက်မလွှတ်ကြဖို့ပါ။ အကောင်းမြင်ဝါဒနဲ့ဆိုရင် ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်နာရာမှာ စိတ်ထဲ ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ပါ။ စွန့်လွှတ်အနစ်နာခံမှုများအတွက်လည်း ဂုဏ်ယူစရာအနေနဲ့ မြင်လာပါလိမ့်မယ်။ ကိုယ်ချင်းစာ သနားကြင်နာတတ်တဲ့ ကရုဏာအသိနဲ့ ဒီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ရင်တော့ အကောင်းမြင်ဝါဒဟာ ပြဿနာနဲ့လူသားများအတွက် အမှန်တကယ် တန်ဖိုးမဖြတ်နိုင်တဲ့ လောကရတနာပါပဲ။

မြန်မာနှစ်သစ်ကူးအချိန်မှာ ကရုဏာနှလုံးသားဖြင့် လူတိိုင်းအကောင်းမြင်ဝါဒ ရှင်သန်လျက် မင်္ဂလာအပေါင်း အသီးသီးခညောင်းနိုင်ကြပါစေ။ လူများစွာ၏ဒုက္ခကို လျော့နည်းစေနိုင်စွမ်းသော ပါရမီရှင်များ ဖြစ်ကြပါစေ

Be the first to comment

Leave a Reply

Your email address will not be published.


*