မိန်းကလေးများ ဆံပင်ဖြောင့်တဲ့အခါ သတိထားစရာများ

မိန်းကလေးများ ဆံပင်ဖြောင့်တဲ့အခါ သတိထားစရာများ

အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့် ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင် ပါတယ်။

ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကို ပြောချင်တာက ဆံပင်ဟာ လူတစ်ယောက် အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြ ရပါ တယ်။

ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့ ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ် ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့် ရအောင်။

အမျိုးသမီးတွေက ဆံပင်ပုံစံ အမျိုးမျိုးနဲ့ မွေးဖွားလာ ကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့ အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါ တယ်တဲ့။

နည်းလမ်းတွေ အများကြီးထဲက တစ်ခုက ဆံပင်ဖြောင့် ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကကတည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင် လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက် တာပါပဲ။

ဆံပင်ဖြောင့်တဲ့ နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံ အဖြောင့်ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိနိုင် ပါတယ်။ ဆံပင်ဖြောင့်ရာမှာ သုံးတဲ့ ဖြောင့်စက် (သို့) ဆံပင်ဖြောင့်ဆေး သုံးပြီး ယာယီ ဆံပင်ဖြောင့် နိုင်ပြီး အများအားဖြင့် ခေါင်းထပ်မလျှေ ာ်ခင်ထိ ခံပါတယ်။

တာရှည်ခံ ဆံပင်ဖြောင့်နေစေဖို့ ဆံပင်ဖြောင့်ဆေးတို့နဲ ့အတူ dye နဲ့ အခြား ဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်မှန်ကန်ကန် ဂရုစိုက်ရင် တာရှည်ခံ ဆံပင်ဖြောင့်ခြင်းက တစ်နှစ်အထိ အသာလေး ခံပါတယ်။

စျေးကြီးပေးဖြောင့် ပြီးမှတော့ တာရှည်ခံအောင်နဲ့ ဆံသား မပျက်စီးအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာဖို့ အချိန်ကျ ပါပြီ ။ ဆံပင်ဖြောင့် ပေါင်းတင်တာ မျိုးအတွက် အိပ်ထဲက ပိုက်ဆံတွေ ပျံမထွက်ခင် ဒါတွေ သိထားတာ မမှားပါ ဘူးနော်။

ဆောင်ရန်

၁။ နေ့စဉ်အစားအစာ ထဲမှာ ရေဓာတ်များများ ပါပါ စေ။ ကိုယ် နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပြုပြင် ဆေးရည်ကို အမြဲတမ်း သုံးပါ။ ဖြောင့်ထားတဲ့ ဆံသားအတွက် သီးသန့် ပစ္စည်းတွေရှိတာမို့

ဘာသုံးသင့်တယ် ဆိုတာ ဆံသဆရာ/မကို မေးဖို့ သတိရပါ။

၂။ အပူပေးခံထားရတဲ့ ဆံသား အတွက် တစ်လကို တစ်ကြိမ် ပေါင်းတင် ပေးပါ။

၃။ ဖြောင့်စက်ကို မလိုအပ်ဘဲ ခဏခဏ ပြန်ဆွဲတာမျိုး မလုပ်ပါနဲ့။

ရှောင်ရန်

၁။ ဆံပင်ပြုပြင် ပေါင်းတင်ပြီးနောက် အနည်းဆုံး သုံးရက် ဆံပင်ရေစို မခံ ရပါဘူး။

၂။ သင့်ဆံပင်ကို နားအနောက်ဘက် သိမ်းတာမျိုး မလုပ်ပါနဲ့။

၃။ စိုနေတဲ့ သင့်ဆံပင်ကို တာဝါအုပ်ပြီး လိမ်ညှစ်တာမျိုး ရှောင်ပါ။

၄။ ခေါင်းလျှော်ရည်သုံးပြီး လျှော်နေတုန်း ခေါင်းကို အရမ်းကုတ်ပြီး လျှော်တာမျိုး ရှောင်ပါ။

၅။ တစ်ကြိမ်လေး ဆံပင်ဖြောင့် တာတင် ဆံသားပျက်စီး မှုကို အကြီးအကျယ် ဖြစ်စေနိုင် ပါတယ်၊ ဒါကြောင့် ထပ်ခါထပ်ခါ မလုပ် ပါနဲ့။

တခါတလေ ဆံပင်ဖြောင့်တာက အဆင်ပြေ ပါတယ်၊ ဒါပေမဲ့ အမြဲလုပ်ရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိလာနိုင်လို့ အားမပေး ပါဘူး။ ဆံပင်ဖြောင့်တာလည်း ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ်။

ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ တစ်သက်တာ ဆံပင်ထိခိုက်ပျက်စီးခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ဓာတုပစ္စည်းကြောင့် အပြင်းအထန် အပူလောင်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုး မျိုးပါ။

ဆံပင်ဖြောင့်ဖို့အတွက် ကမ္ဘာအနှံ့ တူညီတဲ့ နည်းလမ်းကို သုံးပြီး လုပ်နေပေမဲ့ ဆံပင် အမျိုးအစားက လူမျိုး၊ လူမျိုးစုနဲ့ နေထိုင်ရာ နေရာဒေသနဲ့ လိုက်ပြီးကွာ တာမို့ ဆံပင်ဖြောင့်တဲ့ အခါ ဆံပင် အလှအပရေးရာ ထုတ်ကုန်ပစ္စည်း အမျိုးအစား အမျိုးမျိုးကို လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ်တာထက် ကျွမ်းကျင် ပညာရှင် တစ်ယောက်က ဆံသဆိုင်မှာ လုပ်ပေးတာမျိုးက အမြဲတမ်း ပိုကောင်းပါတယ်။

ရေးသားသူ – နှင်းရိပ်မှုန်

Be the first to comment

Leave a Reply

Your email address will not be published.


*