
“နေ့စဉ်ကြော်ရောင်းနေတဲ့ ကြက်ကြော်အိုးထဲကို ခေါင်းစိုက်ကျခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်ဆိုး”
မလေးရှားနိုင်ငံ ကွာလာကန်ဆာမြို့ရှိ အစားအသောက်ဆိုင်တစ်ခုမှာ Liu Youcai ဆိုတဲ့ အမျိုးသားဟာ သူနေ့စဉ်ကြက်ကြော်ရောင်းနေတဲ့ ဆီပွက်ပွက်ဆူနေတဲ့ အိုးထဲ မှောက်လျက်ကျကာ အသက်ဆုံးရှုံးခဲ့ပါတယ်
သူဟာ စက်တင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ ဆီပူထဲသို့ ပြုတ်ကျပြီးနောက် မျက်နှာ၊ ရင်ဘတ်နှင့် ကျောမှာ ဆီပူလောင်ဒဏ်ရာများ ပြင်းထန်စွာ ခံစားခဲ့ရကြောင်း မလေးရှားထုတ် တရုတ်သတင်းစာ Sin Chew Daily က ဖော်ပြခဲ့ပါတယ်
အဲဒီအမျိုးသားကို ဒေသခံတွေက အနီးနားက ဆေးရုံတစ်ခုဆီ အမြန်ပို့ဆောင်ခဲ့ပေမယ့် မိနစ် (၉၀)အကြာမှာတော့ သူ့ရဲ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။
Liu Youcaiဟာ ကွာလာကန်ဆာမြို့မှာ လူသိများတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကြက်သားခုတ်ထမင်းနှင့် ထမင်းတစ်ပန်းကန်ကို ပေါင် ၁.၇၃ ဖြင့် ရောင်းချပြီး သူ့ရဲ့ ကြက်ခုတ်ထမင်းကြောင့် နာမည်ကြီးတာပါ။ သူရောင်းတဲ့စျေးနှုန်းက သင့်တင့်တဲ့ပြီး အရသာကောင်းမွန်တာကြောင့် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေက အားပေးကြပါတယ်
အစ်ကိုဖြစ်သူ Liu Youming က သူ့ညီ Liu Youcaiဟာ နှစ်ပေါင်းများစွာ သွေးတိုးရောဂါကို ခံစားနေရပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ ခဏခဏ ပြောခဲ့တယ်လို့ဆိုပါတယ်။
“Liu Youcaiဟာ တစ်ပတ်ကို ခြောက်ရက်ဆိုင်ဖွင့်ပြီး အလုပ်လဲကြိုးစားသူဖြစ်ပါတယ်
Liu Youcai အိမ်မှာ ခွေးလေခွေးလွင့် ၁၀ ကောင်ကျော်ရှိပြီး သူဟာပျော်ပျော်ရွှင်ရွှင်နေတတ်သလို တိရိစ္ဆာန်လေးတွေကိုလည်း ချစ်မြတ်နိုးတဲ့အတွက် သူ့ကို အမြဲအမှတ်ရနေမှာပါလို့ သူ့သူငယ်ချင်းတွေက ပြောပြခဲ့ပါတယ်
crd
Leave a Reply