
“ထိခွင့်တောင်မရှိတဲ့အပြင် အနီးအနားတောင် ကပ်ခွင့်မရှိတဲ့ ကမ္ဘာ့ အန္တရာယ်အရှိဆုံး သစ်ပင်အကြောင်း”
တောင်အမေရိကမြောက်ပိုင်းနှင့် အပူပိုင်းဒေသ မြောက်အမေရိကတိုက်တို့မှာ ပေါက်ရောက်တဲ့ (Hippomane mancinella) ဆိုတဲ့ အပင်အမျိဲူအစား တစ်မျိဲးဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးအပင် အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားပါတယ်
အဲဒီအပင်ရဲ့ အမည်ဟာ စပိန်စကားလုံး manzanilla ကဆင်းသက်လာပြီး “ပန်းသီးငယ်” လို့ အဓိပ္ပါယ်ရပါတယ် ။
Manchineel အပင်ရဲ့ အသီးများနှင့် အရွက်တွေဟာ ပန်းသီးပင်နဲ့ အပေါ်ယံအားဖြင့် ဆင်တူတဲ့အတွက် “ပန်းသီးငယ်” လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်
ပန်းသီးပင်နှင့် နာမည်ဆင်တူပြီး ပုံစံတူပေမယ့် သူ့အသီးကိုစားမိတာနဲ့ ပြင်းထန်သောဝေဒနာတွေ ကိုဖြစ်စေပြီး သေဆုံးစေမှာဖြစ်ပါတယ်
ဒီအပင်တွေဟာ ဖလော်ရီဒါ၊ အမေရိကန်၊ မက္ကဆီကို၊ ဗဟိုအမေရိက၊ ကာရေဘီယံနှင့် တောင်အမေရိက မြောက်ပိုင်းတို့တွင် တွေ့ရှိရပါတယ်။ ကမ်းရိုးတန်းကမ်းခြေများ နှင့် သဲသောင်ပြင်တွေ ဒီရေတောတွေးကြားမှာ ပေါက်ပါတယ်
အမြဲစိမ်းမျိုးစိတ်ဖြစ်သည့် manchineel သစ်ပင်သည် အမြင့် ၄၉ ပေခန့်ရှိသည်။ အပွင့်များသည် သေးငယ်ပြီး အစိမ်းဝါရောင်ရှိပြီး အရွက်များသည် တောက်ပြောင်သော အစိမ်းရောင်ရှိပြီး အခေါက်သည် နီညိုရောင်ရှိသည်။ အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိသော အသီးများသည် ပန်းသီးနှင့် ဆင်တူသည်။
ဒီအပင်တွေဟာ ဘယ်လောက်ထိ အဆိပ်ပြင်းသလဲဆိုရင် သူရဲ့ အပင်တစ်ခုလုံးမှာ အစေးတွေရှိနေပြီးထိမိတာနဲ့ အရေပြားယားယံတာဖြစ်စေတဲ့အပြင် မျက်စိထဲ အစေးဝင်တာနဲ့ ကန်းသွားစေမှာ ဖြစ်ပါတယ်
အပင်တွေအများကြီးရှိတဲ့နေရာမှာ ဆိုရင် သူတို့ရဲ့ အစေးတွေက မိုးရေနဲ့အတူ စီးကျနေတတ်တဲ့အတွက် သူတို့ အနီးတစ်ဝိုက်က ရေတွေကိုတောင် သွားထိလို့ မရပါဘူး
သူ့ရဲ့ အကိုင်းခြောက်တွေကို မီးရှို့မိလို့ ထွက်လာတဲ့ မီးခိုးကို ရှူမိရင် အသက်အန္တရာယ်ရှိသလို မီးခိုးက မျက်စိထဲဝင်ရင်လည်း မျက်စိကန်းနိုင်ပါတယ်
အဆိုးဆုံး အခြေအနေကတော့ သူ့အသီးကို စားမိရင် ဖြစ်မယ့် ဝေဒနာပါပဲ. . .အသီးလေးက ပန်းသီးနဲ့ တူလို့ စားလို့ရတယ်ထင်ပြီး စားလိုက်မိရင် အစပိုင်းမှာ ချိုသလိုလို ရှိပေမယ့် နောက်ပိုင်းမှာတော့ လည်ချောင်းထဲကို ဆီပူနဲ့လောင်းသလိုမျိုး ပူလောင်နာကျင်တဲ့ ဝေဒနာကို ခံစားရပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်
မန်ချိုင်းယဲလ်သစ်ပင်တွေ နဲ့ မထိတွေ့ဖို့ သစ်ပင်တွေ ပေါက်ရောက်ရာနေရာကို မသွားဖို့ သက်ဆိုင်ရာ အစိုးရတွေက သတိပေးဆိုင်းဘုတ်တွေ ပြုလုပ်ထားလေ့ရှိပါတယ်။
ငှက်များနှင့် တိရစ္ဆာန်အများစုဟာ သစ်ပင်၏အန္တရာယ်များကို သိရှိတဲ့အတွက် ဒီအပင်တွေကို လုံး၀ရှောင်ကျဉ်ကြပါတယ်
ဒါပေမယ့် ဒီအပင်တွေရဲ့ အဆိပ်ကို အံတုနိုင် တဲ့ သတ္တဝါတစ်မျိုးတော့ရှိပါတယ်။
အနက်ရောင် Iguana (Ctenosaura similis) ဆိုတဲ့ သတ္တဝါတွေဟာ ဒီအပင်တွေရဲ့ အကိုင်း အခက်တွေကြားမှာ နေထိုင်ပြီး အသီးကို စားသုံးကာ နေထိုင်လေ့ရှိပါတယ်
Leave a Reply