နားအူ ၊ နားကိုက် ၊ နားထဲ အနာပေါက်များအတွက် ဆေးအသုံးဝင်သော (တဇောင်းမင်းသား)

နားအူ ၊ နားကိုက် ၊ နားထဲ အနာပေါက်များအတွက် ဆေးအသုံးဝင်သော (တဇောင်းမင်းသား)


ကိုယ်တွေ့ ပျောက်ခဲ့တဲ့ ဆေးပင်ပါ။ ကျွန်မ နားထဲအနာပေါက်ပြီး နားကိုက်ဝေဒနာခံစားနေရတာ တစ်လနီးပါး ကြာတဲ့အချိန်မှာ အခု ဆေးပင်နဲ့တွေ့မှ သက်သာပျောက်ကင်းပါတယ်။

ဖြစ်စမှာ နားထဲကို အရွက်စိမ်းက အရည်တွေကို မခတ်ရဲလို့ ဆရာဝန်နဲ့ ကုနေပေမယ့် လုံးဝ မသက်သာခဲ့ဘဲ တနေ့လျှင် အကိုက်ခဲပျောက်ဆေးကို လေးကြိမ်ထိ သောက်ခဲ့တာတောင် အနာကိုက်တာက လျော့မသွားဘဲ တနေ့ထက် တနေ့ ပိုဆိုးလာလို့ မိတ်ဆွေများ၏ တိုက်တွန်းမှု့ကြောင့် ယခုအပင်မှ အရွက်ကို မီးကင်၍ နားထဲသို့ အရည်ညှစ်၍ တနေ့လျှင် သုံးကြိမ် အသုံးပြုခဲ့ပါတယ်။

ဆေးခတ်ပြီး ငါးရက်အကြာမှ စတင်ကာ အကိုက်ခဲပျောက်ဆေး သောက်တဲ့ အကြိမ်ရေ လျော့လာပါတယ် ။

ဆယ်ရယ်မြောက်နေ့မှာ အကိုက်ခဲပျောက်ဆေး လုံးဝသောက်စရာ မလိုအောင် သက်သာသွားပါပြီ ။

ယခုဆေးကို ယုံကြည်စွာ သုံးစွဲဖို့ သူကိုယ်တိုင် နားအနာ​​​ပေါက်ဖူး၍ သူ့ဖြစ်စဥ်ကို စိတ်ရှည်စွာနဲ့ ရှင်းပြခဲ့တဲ့ ရေစကြိုမှ ကားဝပ်ရှော့ဆရာ ဇနီးမောင်နှံ (အပင်နဲ့ အရွက်ကို ကားဂိတ်က​​နေ တကူးတက ပို့ပေးတာ ကျေးဇူးအထူးတင်ပါတယ်)

ဖေဖေ့ မိတ်ဆွေ ဦးကျော် အိမ်တိုင်ယာရောက် နေပူကြီးထဲ လာပို့တာကိုလည်း ကျေးဇူးတင်ပါတယ် ။

Credit : ယမင်း

Be the first to comment

Leave a Reply

Your email address will not be published.


*