ကား၊ ဆိုင်ကယ် ဆီဖြည့်တဲ့အခါ သတိထားကြဖို့

ကား၊ ဆိုင်ကယ် ဆီဖြည့်တဲ့အခါ သတိထားကြဖို့

ဒီနေ့ —— က နာမည်ကြီး ပန့်ဆီဆိုင် တစ်ဆိုင်မှာ ဆီဝင်ဖြည့်မယ်လို့ ကားထိုးဆိုက်လိုက်တော့ ကိုယ့်အလှည့်ရှေ့မှာ ဆိုင်ကယ်တစီး ဆီဖြည့်နေတာတွေ့ တယ်။ ဆိုင်ကယ်ဆီဖြည့်ပြီးတဲ့အခါ ပန့်ကိုင်တဲ့သူက ထားနေကြနေရာမှာ ပန့်ဂေါက်ကိုမထားဘဲ လက်ကကိုင်ထားရင်းနဲ့ ဆိုင်ကယ်သမားပေးတဲ့ ငွေကို လက်ခံယူနေတယ်။ ဆိုင်ကယ်သမားထွက်သွားတော့ ကျနော့်ကားကို ရှေ့တိုးခိုင်းပြီး ဘယ်လောက်ဖိုးထည့်မလဲ မေးတော့ – အပြည့်ဖြည့်မယ်လို့ ပြောလိုက်တယ်။ သူက ဆီဂေါက်ကိုင်ရင်းနဲ့ ကားဆီတိုင်ကီရှိရာဘက်ကို သွားနေစဉ်မှာ ကျနော်လည်း ကားပေါ်က ဆင်းပြီး သူတို့ဆိုင်က ဆီဒိုင်ခွက်ကို ကြည့်နေလိုက်တယ်။

ဂေါက်က မောင်းခလုပ်ကို သူ စညှစ်လိုက်တဲ့အခါ ဒိုင်ခွက်ပေါ်က ငွေသားနဲ့ ဆီအရေအတွက် လီတာကိုပြတဲ့ ဂဏန်းတွေက သုံညကနေမစဘဲ ဆိုင်ကယ်သမားကို ထည့်ပေးခဲ့တဲ့ 3000 ကနေ ဆက်ရွေ့သွားနေတာကို သတိထားလိုက်မိတယ်။ ဒါနဲ့ ” ဟ ဒိုင်ခွက်က ဘယ်လိုဖြစ်တာလဲ သုညကနေ မစပါလား” လို့ ကျနော်က တအံ့တဩ ပြောလိုက်တော့မှ သူက ” ဟုတ်ကဲ့၊ ဦးရဲ့ ဆီတိုင်ကီပြည့်တဲ့အခါ အဲဒီအထဲက ၃၀၀၀ နှုတ်ပေးပါ့မယ်” တဲ့။

ဒါနဲ့ ဒိုင်ခွက် ဂဏန်းအရငွေ ၄၀၀၀၀/ ဖိုး ဆီဖြည့်လိုက်ပြီး ၃၇၀၀၀ ပဲရှင်းပေးလိုက်ပါတယ်။ ကံကောင်းလို့ပါလား။ ကျနော်သာ ကားပေါ်က မဆင်းဘဲ ဒိုင်ခွက်ကိုလည်း သေသေချာချာ အစကနေ မကြည့်ဘဲနေရင် ငွေ ၃၀၀၀ ဖိုး အလကား ပေးလိုက်ရမှာ။

နောက်တခါ ဆီဖြည့်ရင် အစအဆုံး ကြည့်နေမှ ဖြစ်တော့မယ်။

Credit : Saya U Ye Tun FB

Be the first to comment

Leave a Reply

Your email address will not be published.


*