ကြက်‌မွေးမြူရေးတွင် သင်္ဘောရွက် ကျွေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ

ကြက်‌မွေးမြူရေးတွင် သင်္ဘောရွက် ကျွေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ


လတ်ဆတ်သော သင်္ဘောရွက်ကို အခြောက်ခံပြီး အမှုန့်ပြုလုပ်‌ကျွေးမွေးပါက ကြက်များနှင့် တိရစ္ဆာန်များ၏ စွမ်းဆောင်ရည်ကို 65% မြှင့်တင်နိုင်ပါသည်။

လတ်ဆတ်သော သင်္ဘောရွက်ခြောက်ကို အမှုန့်ပြုသောအခါ၎င်းတွင် အစာချေဖျက်နိုင်သော အစွမ်း70% ပါ၀င်သည်။

 

လတ်ဆတ်သော သင်္ဘောရွက်သည် ကြက်များ၏ အစာစားချင်စိတ်ကို တိုးစေပြီး တိရိစ္ဆာန်များ၏ ကိုယ်ခံအားစနစ်၊ ကိုယ်အလေးချိန်တိုးခြင်းနှင့် အစာမှ အသားအဖြစ် ပြောင်းလဲခြင်း အချိုးအစားကို တိုးတက်ကောင်းမွန်စေသည်။

သင်္ဘောရွက်ကို တူရကီနိုင်ငံတွင် ကြက်နှင့် မွေးမြူရေးတိရိစ္ဆာန်များ အတွက် သဘာဝအော်ဂဲနစ် ဆေးအဖြစ် အစာထဲတွင် ထည့်သွင်းကျွေးမွေးနေပြီဖြစ်သည်။

လတ်ဆတ်သော သင်္ဘောရွက်ကို ခူးယူ၍ အခြောက်ခံကာ အမှုန့်ပြု၍ တိရစ္ဆာန်အစာတွင် ရောနှောပါ သို့မဟုတ် အရွက်အစိုကို ဆေးကြောပြီး ကြက်များနှင့် တိရိစ္ဆာန်များ၏ အစာစားချင်စိတ်ကို တိုးပွားစေရန် သောက်သုံးရေတွင် အရည်ညှစ်ပြီး ထည့်သွင်းတိုက်ကျွေးအသုံးပြုနိုင်ပါသည်။

(အင်တာနက်စာမျက်နာများမှ သင့်‌လျှော်အောင်ဘာသာပြန်ဆိုထားပါသည်)

#ရွှေရနံ့EM
#ZinNyeinAye

Be the first to comment

Leave a Reply

Your email address will not be published.


*