
ခံတွင်းပုတ်နံ့ အာပုတ်နံ့ နံနေသူများအတွက် အလွယ်ကူဆုံး ဆေးနည်း
ခံတွင်းပုတ် အနံ့သည် လူတစ်ယောက်အတွက် မိမိကိုယ်ကို ယုံကြည်မူ မဲ့စေပါသည်။ ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ၏ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည်။
ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတစ်ခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါအခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်။ ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။
အဘယ်ကြောင့် ဖြစ်ပါသလဲဟု လျှောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာအဖြစ် မိန့်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံအား အနံ့ရနေပါသည်။
ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျှောက်သည့်အခါ ဒကာတစ်ဦးအားခေါ်ယူ၍ သံပုရာသီးနှစ်လုံး ယူခဲ့စေပါသည် ။
* ဖော်စပ်နည်းမှာ *
၁) သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်။
၂) ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည်။ ဖန်ခွက်တွင် ထည့်ထားပါ။
၃) အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်။
၄) ဆားသိပ်ထားသော သံပုရာနှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်။
၅) ထို့နောက် ဆားသိပ်ထားသော သံပုရာခြမ်းအား မီးကျီခဲ ရဲရဲတွင် မီးဖုတ်ရပါမည်။
၆) သံပုရာသီးအရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေးခံထားပါ။ မီးသွေးခဲကဲ့သို့ ဖြစ်ပါသည်။
၇) ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူအထူ တစ်ရွက်အတွင်း ထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်။
၈) အမှုန့်ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရည်တွင် ရောမွှေ၍ သမထားပါ။
မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် လက္ဘရည်ဇွန်း တစ်ဇွန်းစီ တစ်နေ့သုံးကြိမ် စားရန် မှာခဲ့ပါသည်။ တစ်ပတ်ကျော်လျင် အနံ့ပျောက်မည်ဟု လျှောက်ခဲ့ပါသည်။
နောက် ၁၀ ရက်ခန့် ကျောင်းသို့ တစ်ခေါက်ပြန် ရောက်သောအခါ ပျော်ရွှင်ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။
သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်။
မူရင်းရေးသားသူအား Credit ပေးပါသည်။
Leave a Reply