ကလေးသူငယ် ကိုယ်အပူရှိန် မြင့်တက်ပြီး နေမကောင်းဖြစ်နေရင် နာရီပိုင်းအတွင်း ကိုယ်ပူကျဆေး

ကလေးသူငယ် ကိုယ်အပူရှိန် မြင့်တက်ပြီး နေမကောင်းဖြစ်နေရင် နာရီပိုင်းအတွင်း ကိုယ်ပူကျဆေး


ကလေးသူငယ်တွေ ကိုယ်အပူရှိန်မြင့်တက်ပြီး နေထိုင်မကောင်း ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ကလေးသူငယ်များ ကိုယ်အပူရှိန်မြင့်တက်ပါက နာရီပိုင်းအတွင်း ကိုယ်အပူရှိန် အမြန်လျော့ကျစေဖို့အတွက် ကျွန်တော် ဆေးနည်းပြောပြပါ့မယ်။ ဒီဆေးနည်းက အရမ်းလွယ်တယ်ခင်ဗျ။

အရင်ဦးဆုံး သင်္ဘောရွက်ကို ခူးဆွတ်ပြီး ရေဆေးကြော၍ ရေမြုပ်အောင်ထည့်ပြီး နွမ်းလျသွားသည်အထိ ပြုတ်ပါ။ ၎င်းအရည်ကို အအေးခံပြီးပါက အဝတ်စသန့်သန့်ဖြင့် သင်္ဘောရွက်ပြုတ်ရည်ထဲကိုဆုပ်နစ်၍ ကလေးသူငယ်ရဲ့ ခန္ဓာကိုယ်အနှံ့ အသားထဲ စိမ့်ဝင်သည်အထိ ရေပတ်တိုက်ပေးပါ။

ရေပတ်တိုက်ပြီးပါက အင်္ကျီလက်ရှည်ဝတ်ပေးပြီး နွေးထွေးစွာ ထားခြင်းဖြင့် နာရီပိုင်းအတွင်း ကိုယ်အပူ ကျဆင်းသွားပါလိမ့်မယ်။ ကျွန်တော် ပြောတဲ့အတိုင်း လက်တွေ့ပြုလုပ်ကြည့်ပါ။

ကျေးဇူးတင်ပါတယ်…ဘဝခါးခါး

Credit : Win Myin Phyo (ဘဝခါးခါး)

Be the first to comment

Leave a Reply

Your email address will not be published.


*