မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ်လိုက်ပါ

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ်လိုက်ပါ

ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့် လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်

ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလု ပ် နိုင်ကြပါတယ်

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့် အတူ ကျသွားမည်

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံ ထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့် မည်

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချ ပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်

သတိပြုရန်

ငါးရိုးမျက်နေစဉ် လည်ချောင်း အပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ် ပါနှင့်။ သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများ အတွက် ဒီ Post လေးကို Share ပေးနိုင်ကြ ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်း နိုင်ကြပါစေ။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*