တစ်စုံတစ်ယောက်က သင့်ကိုအရမ်းလွမ်းနေမှန်းသိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး

တစ်စုံတစ်ယောက်က သင့်ကိုအရမ်းလွမ်းနေမှန်းသိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး

အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့ လူတစ်ချို့ကပြောကြပါတယ် ။ ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလွမ်းတဲ့အခါ သူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ် ။

လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲ တိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကို သိနိုင်မယ့်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

(၁) အိပ်မက်မက်တယ်

အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့ အရာတစ်ခုပါ။ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကို တွေ့တယ်ဆိုရင်တော့ သင့်ကို သူအရမ်းလွမ်းပြီး သတိရနေလို့ပါပဲ ။ သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲ တဝဲလည်လည်ဖြစ်နေလို့ပါပဲနော် .။

(၂) မထင်မှတ်ပဲတွေ့တယ်

သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် ။

သင့်ဖက်ကတိုက်ဆိုင်မှုလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ သင့်က ဒါမှမဟုတ် တစ်ဖက်လူက သင့်ကို အရမ်းသတိရနေလို့ဖြစ်ပါတယ်နော် ။

(၃) စိတ်တွေစုစည်းမရဖြစ်နေမယ်

တစ်ခါတလေ ဘာကို လွမ်းလို့လွမ်းမှန်းမသိပဲ ဆွေးနေတယ်၊ ငိုချင်သလိုလို ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ သင့်ကို တစ်ယောက်ယောက်က အရမ်းလွမ်းနေလို့ပါတဲ့ ။

သင့် ကို လွမ်း လွန်း လို့ ခံ စား နေ ရ တဲ့ သူ့ ရဲ့ခံ စား ချက် တွေ က သင့် ဆီ မှာ ရောင် ပြန် ဟပ် နေ တဲ့ သ ဘော ပေါ့လေ ။ အ ချိန် ပေး ဖတ် ရှု ပေး တဲ့ ပ ရိတ် သတ် ကြီး ကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည် ။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*