
အဆီပြန်တတ်သူတွေအတွွက် ထိရောက်သက်သာစေမယ့် အိမ်တွင်း ပေါင်းတင်နည်း (၃) မျိုး
မိတ်ကပ်လိမ်းရင်ပဲဖြစ်ဖြစ် မျက်နှာပေါ် မိတ်ကပ်မခံဘဲ အဆီပြန်လာရင် စိတ်ညစ်ရပါတယ်။ အဆီပြန်တတ်တဲ့မျက်နှာက ဝက်ခြံတွေလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် ဒီနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
( ၁ ) သခွားသီး
ပါဝင်ပစ္စည်းများ – သခွားသီး (တစ်ဝက်) ။
သခွားသီးကို ခြေပြီး အရည်ညှစ်ထုတ်ပေးပါ။
– ရလာတဲ့ အရည်နဲ့ မျက်နှာကိုလိမ်းပေးပါ။ (၃-၅)မိနစ်လောက် နှိပ်နယ်ပေးပါ။
– ရေအေးနဲ့ မျက်နှာသစ်ပေးပါ။
( ၂ ) Oatmeal
ပါဝင်ပစ္စည်းများ – Oatmeal (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည်
(စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– ပါဝင်ပစ္စည်းတွေကို ရောပေးပြီး မျက်နှာနဲ့ လည်ပင်းကိုလိမ်းပေးပါ။
– (၁၀)မိနစ်လောက် အခြောက်ခံပေးပါ။
-ရေအေးနဲ့ မျက်နှာသစ်ပေးပါ။
ကြည်လင်ဖြူနုတဲ့ အသားအရေရရှိဖို့ မီးဖိုချောင်ထဲက ပစ္စည်းလေးတွေကို ဒီလိုသုံးကြမယ်
( ၃ ) သံပရိုရည်
ပါဝင်ပစ္စည်းများ – သံပရိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ဆား (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– သံပရိုရည် နဲ့ ဆားကို ရောပြပီး မျက်နှာပေါ်လိမ်းပေးပါ။
– (၂-၃)မိနစ်လောက် မျက်နှာကို နှိပ်နယ်ပေးပါ။
– ရေနဲ့ဆေးပေးပါ။
Credit
Leave a Reply