
ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး ဆံပင်ပြုပြင်ထိန်းသိမ်းနည်း (၅)သွယ်
လှပပြီးကျန်းမာတဲ့ဆံကေသာကို ရရှိဖို့အတွက် ဓာတုပစ္စည်းတွေအများကြီးနဲ့ ငွေအများကြီးကုန်ကျစရာမလိုပါဘူး။ သင့်အနီးအနားမှာရှိတဲ့ သဘာဝပစ္စည်းလေးတွေက သင့်ကို အများကြီး ကူညီပေးနိုင်ပါတယ်။
ခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး ပြုပြင်ထိန်းသိမ်းနည်းလေးတွေဖြစ်ပါတယ်။ ပျိုမေတို့အတွက် အရမ်းအဆင်ပြေမှာပါနော်….။
(၁) ဆံပင်ကိုသဘာဝအတိုင်းဖြောင့်စင်းနေစေမယ့် နည်းလမ်း
ကော်မှုန့်အနည်းငယ်\ဆံပင်ပေါင်းဆေး\ရေအနည်းငယ်\ကြက်ဥအနှစ်
ကော်မှုန့် ၁ဇွန်းကို ရေသုံးဇွန်းနှုန်း ရောပေးကာ ကော်မှုန့်တွေ ပျော်သွားတဲ့အထိ အပူပေးပါ။ပြီးရင်တော့ ဆံပင်ပေါင်းဆေးအနည်းငယ်၊ ကြက်ဥအနှစ် တစ်လုံးတို့ကိုရောမွှေလိုက်ပါ။
ရလာတဲ့အနှစ်ကို ဆံပင်အရင်းနဲ့ တစ်လက်မခန့်ခွာပြီးလိမ်းပေးကာ ၄၅ မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ဖြောင့်စင်းအိတုန်နေတဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။
(၂) မှန်ကန်တဲ့ဘီးကိုရွေးချယ်ပါ
ရှုပ်ထွေးနေတဲ့ဆံကေသာ၊ ရေစိုနေတဲ့ဆံပင်၊ ကောက်ထားတဲ့ဆံပင်ကို ဖီးတဲ့အခါ ဘီးကျဲကိုအသုံးပြုပေးရပါမယ်။ ဖြောင့်တဲ့ဆံပင်အတွက်တော့ အသွားစိတ်တဲ့ဘီးကိုအသုံးပြုနိုင်ပါတယ်။
(၃) ဆံပင်အရှည်မြန်စေချင်ရင်
ဆံပင်အရှည်နှေးလို့စိတ်မညစ်ပါနဲ့။ ခုနည်းလမ်းလေးက သင့်ကို ကူညီပေးနိုင်ပါတယ်။ ကြက်ဥအနှစ်ကို ကြက်ဆူဆီ ၁ဇွန်း၊ ပျားရည် ၁ဇွန်းရောပြီး ရလာတဲ့အနှစ်နဲ့ ဆံပင်ကို ခေါင်းမလျှော်ခင်တိုင်း ပေါင်းပေးရုံပါပဲ။ ၆လလောက်အကြာမှာတော့ ပုံမှာပြထားတဲ့အတိုင်း ရှည်လာတာကို တွေ့ရမှာပါ။
(၄) ဗောက်ထတတ်တဲ့သူတွေအတွက်
ဗောက်ထတတ်တဲ့သူတွေကတော့ Aspirin (ဆေးဆိုင်တွေမှာမေးဝယ်နိုင်ပါတယ်) လေးလုံးခန့်ကို ကြိတ်ပြီး သုံးနေကျခေါင်းလျှော်ရည်ထဲကို ထည့်လျှော်ပေးလိုက်ပါ။
၁၀မိနစ်ခန့်နှပ်ထားပြီးတဲ့အခါမှာ ရေနွေးလေးနဲ့ဆေးကြောပေးနိုင်ပါတယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်တော်တော်များများမှာ Aspirin ပါဝင်တာကို တွေ့ရှိရမှာပါ။
(၅) အဖျားနှစ်ခွဖြစ်နေခဲ့ရင်
၏၏ဆံပင်အဖျားနှစ်ခွဖြစ်နေတဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းမလျှော်ခင်တိုင်း ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးကို အပူပေးပြီး ဆံပင်အဖျားတွေကို တစ်ညကြိုတင်လိမ်းပေးလိုက်ရုံပါပဲ။ဒါဆိုရင်တော့ ခြောက်သွေ့မှုကင်းပြီး စိုပြည်တဲ့ဆံကေသာကို ရရှိမှာပါ။
Leave a Reply