သုသာန်တစ်ခုထဲတွင် စွန့်ပစ်ထားခဲ့သော မွေးကင်းစသမီးလေး၏ လွန်စွာမှ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုပါ

သုသာန်တစ်ခုထဲတွင် စွန့်ပစ်ထားခဲ့သော မွေးကင်းစသမီးလေး၏ လွန်စွာမှ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုပါ


ဖြစ်စဉ်မှာ — ယနေ့ ညနေပိုင်း (7:00) နာရီတွင် တာချီလိတ်မြို့ သုသာန်တစ်ခုထဲတွင် စွန့်ပစ်ထားသော မွေးကင်းစ သမီးငယ်ကလေးအား တွေ့ရှိထားပါသဖြင့် ၎င်းသမီးလေး အား ဦးလှမိုးတို့ *မိုးမေတ္တာ* ပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာ မှာ စောင့်ရှောက်ပေးပါရန် – အကူညီတောင်းခံလာပါသဖြင့် ကျွန်မကိုယ်တိုင် ချက်ချင်းသွားရောက်ပြီး သမီးလေးကို ကောင်းမွန်စွာဖြင့် ခေါ်ဆောင်လာခဲ့ပါပြီ။

ဒီနေ့တော့ မိုးချူပ်သွားလို့ ပါ။ သမီးလေးအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားပါမည်။ သမီးလေး၏ ဘဝ တစ်ခုလုံးအတွက် မိဘမေတ္တာ အပြည့်အဝပေးပြီး နွေးထွေးစွာ ထာဝရ စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင် ..။

မှတ်ချက် -နောက်နောင် ယခုကဲ့သို့ ဖြစ်စဉ်များရှိ ခဲ့ရင် ဒီလိုမျိုးတော့ မလုပ်ကြပါနဲ့ ရှင် ..။ ကျွန်မတို့ထံ တိုးတိုးတိတ်တိတ် လာရောက်အပ်နှံလို့ရပါတယ်… အချိန်မရွေးပါ… ။

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*