တက်တူးအပြည့် ထိုးထားတာကြောင့် ကြောက်စရာကောင်းတဲ့ ဖခင်အဖြစ် ဝေဖန်ခံနေရတဲ့ အမျိုးသား

တက်တူးအပြည့် ထိုးထားတာကြောင့် ကြောက်စရာကောင်းတဲ့ ဖခင်အဖြစ် ဝေဖန်ခံနေရတဲ့ အမျိုးသား


တက်တူး ၂၄၀ ကျော် ထိုးထားတဲ့ အသွင်အပြင်ကြောင့် ကြောက်စရာကောင်းတဲ့ ဖခင်အဖြစ် ဝေဖန်ခံနေရတဲ့ အမျိုးသား

“ဆေးမင်စွဲလမ်းသူ”အဖြစ် သတ်မှတ်ထားတဲ့ အသက် ၅၁ နှစ်အရွယ် ရစ်ချက် ဟော့ဖ်ဆိုသူက သူ့ခန္ဓာကိုယ်အနှံ့မှာ တက်တူးပေါင်း ၂၄၀ ကျော်ရှိတဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်ပြောဆိုမှုတွေခံနေရပါတယ်။

ရစ်ချက်နဲ့ သူ့ဇနီး မာရီတာက ကလေး ၇ ယောက် မိဘတွေပါ။ ဒါပေမဲ့ ရစ်ချက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တက်တူးတွေအများကြီးနဲ့ ဖုံးထားတဲ့အတွက် သူ့ရဲ့အသွင်အပြင်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက အဆက်မပြတ် လှောင်ပြောင်ပြောဆိုခဲ့ကြပါတယ်။ သူ့ကို လူမှုကွန်ယက်အသုံးပြုသူတွေက မိဘဆိုး၊ မွန်စတားဆိုပြီးလည်း ခေါ်ခဲ့ကြပါတယ်။


ရစ်ချက်က အသက် ၁၇ နှစ်အရွယ်မှာ သူ့ရဲ့ပထမဆုံးတက်တူးကိုထိုးခဲ့တာပါ။ တဖြည်းဖြည်းနဲ့ တက်တူးမထိုးဘဲ မနေနိုင်ဖြစ်လာခဲ့ပါတယ်။ အခုဆို သူ့ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သူ့ရဲ့ကလေးနာမည်နဲ့ သူ့သမီးလေးရဲ့နှုတ်ခမ်းပုံအပါအဝင် တက်တူးအပြည့်ပါပဲ။ နောက် ၄ နှစ်အတွင်း ၁၀၀ ရာခိုင်နှုန်းလုံး တက်တူးတွေအပြည့်ဖုံးချင်တယ်လို့ သူက ဆိုပါတယ်။

သူ့ရဲ့တက်တူးကြောင့် သူ့ကလေးတွေရဲ့သူငယ်ချင်း‌တွေက မကြာခဏကြောက်ကြပါတယ်။ ရစ်ချက်ရဲ့ဇနီးဖြစ်သူကလည်း အစတုန်းက သူ့ရဲ့အသွင်အပြင်ကို ကြောက်ခဲ့တယ်လို့ ဖွင့်ဟပါတယ်။ “အစက ကျွန်မ ရစ်ချက်ရဲ့အသွင်အပြင်ကိုကြည့်ပြီး အကဲဖြတ်ခဲ့မိတယ်။ ဒါပေမဲ့ သူ့ကို နည်းနည်းသိလာတာနဲ့ သူဟာ စိတ်သဘောထားကြီးတဲ့သူတစ်ယောက်ပါ”တဲ့။

လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့သုံးသပ်ချက်တွေပေးခဲ့ရင်တောင် သူ့မိသားစုအတွက် သူ့ချစ်ခြင်းမေတ္တာကို မပြောင်းလဲစေဘူးလို့ ရစ်ချက်က ပြောပါတယ်။ တက်တူးရှိတာက သူ့ရဲ့ကလေးတွေကို မကြောက်စေသလို မကောင်းတဲ့ဖခင်တစ်ယောက်လည်း မဖြစ်စေခဲ့ဘူးလို့ ရစ်ချက်က ဆိုပါတယ်။

Ref: A Heavily Tattooed Dad Faces Struggles as People Think He Is a Horrible Father

Team (ရိုးရာလေး)

Credit : Yoyarlay

Be the first to comment

Leave a Reply

Your email address will not be published.


*